အိုးထရက်ဖို့ဒ်ကွင်းအပြင်မှာ ပရိသတ်တွေနဲ့ အချိန်အတော်ကြာ ရှိနေခဲ့တာပါ။

ယူနိုက်တက် ကွင်းလယ်ကစားသမား မာတာဟာ မနေ့ညက ယူနိုက်တက် ကစားသမားဘဝ အိုးထရက်ဖို့ဒ် နောက်ဆုံးပွဲကို ပါဝင်ကစားပေးခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ အဆိုပါ စပိန်လူမျိုး ကွင်းလယ်လူဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာပါ။



အသက် (၃၄) နှစ်အရွယ် မာတာဟာ (၂၀၁၄) မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် (၃၇.၁) သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ စုစုပေါင်း (၂၈၃) ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မာတာတယောက် အသင်းလူစာရင်းမှာ ပါဝင်ခွင့်ရဖို့အတွက်တောင် ရုန်းကန်လာခဲ့ရပြီး ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မာတာက ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒုတိယပိုင်း မာတာကို လူစားလဲချိန်မှာတော့ အိုးထရက်ဖို့ဒ်မှာရှိတဲ့ ယူနိုက်တက်ပရိသတ်တွေက လက်ခုပ်တီးဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။ ဒါ့အပြင် အခြားသော ကွင်းလယ်လူ မာတစ်အတွက်လည်း ယူနိုက်တက် ကစားသမားဘဝ အိုးထရက်ဖို့ဒ် နောက်ဆုံးပွဲဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ မာတာက ပထမပိုင်းမပြီးခင် ရော်နယ်ဒိုရဲ့ သွင်းဂိုးတဂိုးအတွက် ဖန်တီးပေးခဲ့ပေမယ့် ရော်နယ်ဒိုလူကျွံနေတယ်လို့ VAR က ဆုံးဖြတ်ခဲ့တာကြောင့် နစ်နာခဲ့ရပါသေးတယ်။ ဒီပွဲအပြီးမှာတော့ မာတာက ပရိသတ်တွေနဲ့အတူ ဓာတ်ပုံရိုက်ကူးဖို့အတွက် မိုးဖွဲဖွဲရွာနေတဲ့ကြားထဲက နောက်ကျတဲ့အထိ ရှိနေပေးခဲ့တယ်လို့ သိရှိရပါတယ်။



ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး အိုးထရက်ဖို့ဒ် ကွင်းအပြင်ဘက်မှာ စောင့်ဆိုင်းနေဆဲဖြစ်တဲ့ ယူနိုက်တက်ပရိသတ်တယောက်ချင်းစီနဲ့အတူ မာတာကအချိန်ကုန်ဆုံးခဲ့ပြီး ဓာတ်ပုံအတူရိုက်ပေးခြင်း၊ အမှတ်တရလက်မှတ်ရေးထိုးပေးခြင်းတို့ကို မိုးရွာနေတဲ့ကြားက တယောက်တည်း အချိန်အတော်ကြာ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။



အသင်းဝန်ထမ်းတယောက်ကလည်း မာတာကို စိတ်ထားဖြူစင်သူတယောက်၊ အသင်းဝန်ထမ်းတွေအပေါ် ခွဲခြားလိုစိတ် မရှိဘဲ ကူညီတတ်သူတယောက်အဖြစ် ချီးကျူးထားဖူးပါတယ်။ လာမယ့်နွေရာသီမှာတော့ မာတာတယောက် ယူနိုက်တက်နဲ့ လမ်းခွဲတော့မှာဖြစ်ပြီး ဘယ်အသင်းကို ပြောင်းရွှေ့ဖြစ်မယ်တော့ မသိရှိရသေးပါဘူး။ 

Share

Loading Next Article...
က္က