ကွင်းသစ်စီမံကိန်းကို အကောင်အထည်ဖော်တော့မှာပါ။

ယူနိုက်တက်ဟာ အင်္ဂလန်ပြည်တွင်းမှာ ဝင်ဘလေကွင်းထက် သာတဲ့ ကွင်းသစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပစ်မှတ်ထားနေပြီလို့ သိရှိရပါတယ်။ အသင်းတာဝန်ရှိသူတွေက အိုးထရက်ဖို့ဒ်ကွင်းကို ပရိသတ် (၁) သိန်းဆံ့ ကွင်းအဖြစ် ပြုပြင်ပြောင်းလဲချင်နေတာပါ။



ဒါပေမယ့် လက်ရှိအိုးထရက်ဖို့ဒ်ကွင်းကိုပဲ တိုးချဲ့မလား ဒါမှမဟုတ် ကွင်းသစ် တည်ဆောက်မလားဆိုတာကိုတော့ အတည်တကျ ဆုံးဖြတ်ရခြင်း မရှိသေးဘဲ ဒီနှစ်ကုန်မှ အတည်ပြုသွားမှာပါ။ အဆိုပါစီမံကိန်းဟာ ပေါင် (၂) ဘီလီယံတန် ပရောဂျက်တစ်ခု ဖြစ်လာဖို့ရှိပြီး အင်္ဂလန်မှာ အကြီးမားဆုံး ကွင်းတစ်ကွင်းဖြစ်လာမှာပါ။

ဒါ့အပြင် ဥရောပမှာလည်း ပရိသတ်ပေါင်း (၁) သိန်းနဲ့ (၅) ထောင်ဆံ့တဲ့ နူးကမ့်ကွင်းပြီးရင် ယူနိုက်တက်ရဲ့ ကွင်းက အကြီးမားဆုံး ဖြစ်လာမှာပါ။ ဒီကွင်းသစ်စီမံကိန်းကို အတည်ပြု အကောင်အထည်ဖော်မယ်ဆိုရင်တော့ ဆာဂျင်မ်ရက်ကလစ်ဖ်၊ ဂလေဇာတို့ရဲ့ အားနဲ့ပဲ မရနိုင်ပါဘူး။

အသင်းတာဝန်ရှိသူတွေဟာ အိုးထရက်ဖို့ဒ်ကွင်း နာမည်မူပိုင်ခွင့်ကို ရောင်းထုတ်ရမှာဖြစ်ပြီး ဒီအတွက် ပရိသတ်တွေနဲ့ ဆွေးနွေးဆုံးဖြတ်ရမှာပါ။ ဘာစီလိုနာဆိုရင်လည်း သူတို့ရဲ့ နူးကမ့်ကွင်း နာမည်မူပိုင်ခွင့်ကို Spotify ထံ ရောင်းချထားပါတယ်။

Share

Loading Next Article...
က္က