အိုဇေးလ်ကို ဖီနာဘာချီလူစာရင်းကနေ ထုတ်ပယ်လိုက်တာပါ။

တူရကီကလပ် ဖီနာဘာချီဟာ အသင်းရဲ့ နာမည်ကျော် ကစားသမား အိုဇေးလ်ကို လူစာရင်းကနေ ထုတ်ပယ်လိုက်တယ်လို့ သိရှိရပါတယ်။ အိုဇေးလ်နဲ့အတူ တူရကီကစားသမားတယောက်ဖြစ်တဲ့ အိုဇန်တူဖန်ကိုပါ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။



ဒီအကြောင်းကိုတော့ ဖီနာဘာချီဘက်က တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဖီနာဘာချီက “အသင်းရဲ့ဆုံးဖြတ်ချက်အရ ကျနော်တို့ရဲ့ အသင်းကြီးက အိုဇေးလ်နဲ့ တူဖန်တို့နှစ်ယောက်ကို အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒါကိုလည်း လူသိရှင်ကြား ကြေညာချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်နည်းပြ အာတီတာလက်ထက်မှာ ရုန်းကန်ခဲ့ရတဲ့နောက် စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ အဲ့ဒီနောက် ဖီနာဘာချီကို အပြီးသတ်ရောက်ရှိလာခဲ့ပြီး ဖီနာဘာချီမှာလည်း အိုဇေးလ်က ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ အိုဇေးလ်ဟာ အသင်းနဲ့ပထမဆုံးရာသီဝက် ပွဲ (၁၀) ပွဲမှာ ဂိုးဖန်တီးမှု တကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ အိုဇေးလ်ရဲ့ မှတ်တမ်းတွေက တိုးတက်လာခဲ့ပြီး သွင်းဂိုး (၉) ဂိုး သွင်းယူထားနိုင်ပါတယ်။ အိုဇေးလ်တို့ကို အသင်းလူစာရင်းက ထုတ်ပယ်လိုက်တဲ့အပေါ် တိကျသေချာတဲ့ အကြောင်းပြချက် တစုံတရာမရှိသေးပါဘူး။ နိုင်ငံရေးပြဿနာဖြစ်နိုင်တယ်လို့ ယူဆနေကြပေမယ့် ကလပ်ဘက်က အိုဇေးလ်ကို ပေးချေရမယ့် လစာအကြွေးတွေ ကျန်နေတာကြောင့် အိုဇေးလ်က အသင်းအတွက် ကစားပေးဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် အသင်းဘက်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားပြီး အိုဇေးလ်ဒဏ်ရာရနေတယ်လို့ ပြတ်ပြတ်သားသား တုံ့ပြန်ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်မှာတုန်းကလည်း တရုတ်နိုင်ငံ၊ ရှန်ကျန်းဒေသက ဝီဂါလူမျိုးစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီလိုမျိုး ထုတ်ဖော်ပြောကြားပြီးတဲ့နောက် တရုတ်ဘက်က အာဆင်နယ်ပွဲစဥ်တွေကို နိုင်ငံအတွင်း ပြသခွင့်ပိတ်ပင်လိုက်ပါတယ်။ ဒီအကျိုးဆက်ကြောင့်လည်း အိုဇေးလ်တယောက် အာဆင်နယ်မှာ နေရာပျောက်ခဲ့ရပြီး အသင်းက ထွက်ခွာရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က