ဖခင်အတွက် မြတ်သောအလှူလေး ကိုလုပ်ဆောင်ခဲ့တဲ့သားလိမ္မာလေးပါ။

ကျောက်ကပ်ရောဂါ ဝေဒ နာ ခံစားနေရတဲ့ ဖခင်ဖြစ်သူအတွက် ကျောက်ကပ်တစ်ခြမ်း ပေးလှူခဲ့တဲ့အကြောင်း သရုပ်ဆောင်စစ်မင်းထက်ကအခုလို ဖွင့်ဟခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်ခန့်ဝန်းကျင်က ကျောက်ကပ်ရောဂါ အပြင်းအထန်ခံစားခဲ့ရတဲ့ ဖခင်ဖြစ်သူကို ကျောက်ကပ်တစ်ခြမ်း လှူဒါန်းပေးခဲ့ရတဲ့အကြောင်းကို "၂၀၁၉နှစ်ကုန်လောက်က ကျွန်တော့်အဖေက ကျောက်ကပ် အစားထိုးဖို့လိုတယ်လို့ ဆိုတာနဲ့ ကျွန်တော်လည်း ဆေးတွေစစ်ကြည့်လိုက်တယ်။ အကုန်ကိုက်ညီမှု ရှိတဲ့အတွက် ကျောက်ကပ်တစ်ခြမ်း လှူပေးခဲ့တယ်။ အဖေက ကျောက်ကပ်မကောင်းတော့ ကျောက်ကပ်ခဏခဏ ဆေးရတယ်။ အခုတော့ အရင်ကထက်စာရင် တော်တော်လေးကို ကျန်းမာရေး ကောင်းနေပါပြီ။ ကျွန်တော့် ကျန်းမာရေးအခြေအနေလည်းကောင်းပါတယ်။ မလှူခင်ကတော့ နည်းနည်းစိုးရိမ်ပြီး ကြောက်ခဲ့တာမျိုးတော့ရှိတယ်။ တစ်ကယ်လှူပြီးတဲ့အချိန်မှာတော့ အဖေ့အတွက် မွေးကျေးဇူးဆပ်နိုင်ခဲ့ပြီဆိုတဲ့ အသိဝင်သလို ပီတိဖြစ်ပြီးဝမ်းသာပါတယ်" ဆိုပြီး သရုပ်ဆောင်စစ်မင်းထက်ကပြောပြခဲ့ပါတယ်။ 

Photo-Six Min Htet FB

သရုပ်ဆောင်စစ်မင်းထက်ကတော့ လက်ရှိမှာ မိခင်ဖြစ်သူနဲ့အတူ ရန်ကုန်မှာ နေပြီး အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိကာ ဖခင်ဖြစ်သူကတော့ထိုင်ဝမ်မှာ နေထိုင်တယ်လို့သိရပါတယ်။ 

"အဖေက ထိုင်ဝမ်မှာနေတယ်။ ကျွန်တော်က ဒီကနေ အဖေ့ဆီသွားပြီးလှူခဲ့တာပါ။ လှူပြီးတော့ဒီ ပြန်လာပြီး အမေနဲ့အတူနေနေပါတယ်။ အနုပညာအလုပ်တွေလည်းကောင်းကောင်းမွန်မွန် လုပ်ဆောင်နေပါတယ်။ ကျန်းမာရေးကလည်းကောင်းပါတယ်။ကျောက်ကပ်တစ်ခြမ်းနဲ့လည်းအသက်ရှင်လို့ရတယ်။ ကျွန်တော် အလုပ်တွေလည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်သလို Gym တောင်ဆော့နိုင်ခဲ့ပါတယ်"ဆို​ပြီး ဖခင်အတွက် မြတ်သောအလှူလေးအပေါ် ပီတိတွေနဲ့ပြောပြလာပါတယ်။ 

သရုပ်ဆောင်စစ်မင်းထက်က လတ်တလောမှာ ထုတ်လွှင့်လျှက်ရှိတဲ့"အိပ်မက်ထဲအိပ်မက်"ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ အားပေးမှု ရရှိနေသူပါ။ သရုပ်ဆောင် သဇင်ထူးမြင့်နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ပိုင်ဆိုတဲ့ ဇာတ်ကောင်ကြောင့်ပဲ လတ်တလောနာမည်ကြီးနေသူဖြစ်ပါတယ်။ 

"အိပ်မက်ထဲကအိပ်မက်" က ကျွန်တော့်ရဲ့ ဒုတိယမြောက်ရိုက်တဲ့ စီးရီးတစ်ခုပါ။ ပထမဆုံးက "စည်း"ဆိုတဲ့ဇာတ်လမ်းတွဲပေါ့နော်။ အဲ့ဒီ့ဇာတ်လမ်းတွဲကတော့ အခြေအနေအမျိုးမျိုးကြောင့်မထုတ်လွှင့်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီဇာတ်လမ်းတွဲနဲ့ပရိသတ်တွေအားပေးကြလို့ နေရာတစ်ခုရလာတဲ့အတွက်ကျေးဇူးတင်ပါတယ်" ဆိုပြီး ပြောပြခဲ့ပါတယ်။ 

Photo- Six Min Htet FB

"အိပ်မက်ထဲက အိပ်မက် "ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု ရရှိပြီးတဲ့နောက် အပိုင်း ၃၀ ပါဝင်တဲ့ဇာတ်လမ်းတွဲတစ်ခုကို ထပ်မံရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ သီချင်း MTV တချို့မှာလည်း ပါဝင်သရုပ်ဆောင်တော့မယ့် အကြောင်းကို သူက ပြောပါတယ်။

Share

Loading Next Article...
က္က