ဂျိုနသန်ဒေးဗစ်ကို အာဆင်နယ်က စောင့်ကြည့်နေပါပြီ။

အော်ဘာမီယန်ရဲ့ ခြေစွမ်းကျဆင်းနေမှုနဲ့အတူ တိုက်စစ်ပိုင်းအားနည်းချက်တွေရှိနေတဲ့ အာဆင်နယ်အသင်းဟာ လိုင်လီအတွက် ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်မှူးဂျိုနသန်ဒေးဗစ်ကို စောင့်ကြည့်နေပြီလို့ သိရပါတယ်။ လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့အတွက်လည်း အာဆင်နယ်က မျှော်လင့်ထားပြီး ဒေးဗစ်နဲ့အတူ အဲဗာတန်တိုက်စစ်မှူးကယ်လ်ဗတ်လီဝင်ကိုပါ ကင်းထောက်နေတယ်လို့ ဆိုပါတယ်။ 



Daily Mail ရဲ့ ဖော်ပြချက်အရ ဂျိုနသန်ဒေးဗစ်ကို အသင်းခေါင်းဆောင်အူဘာမီယန်နေရာမှာ အစားထိုးဖို့ သင့်တော်တဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် အာဆင်နယ်က သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အော်ဘာမီယန်ကတော့ အသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေသူဖြစ်ပြီး အပိုင်အခွင့်အရေးတွေကို လွဲချော်နေခဲ့သူလည်းဖြစ်ပါတယ်။ 

အသက် ၂၁ နှစ်အရွယ် ဂျိုနသန်ဒေးဗစ်ကတော့ လီဂူးပြိုင်ပွဲရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ်ရပ်တည်နေကာ ၁၆ ပွဲကစားအပြီး ၁၀ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်ခေါ်ယူခဲ့တဲ့ အာရွန်ရမ့်စ်ဒေးလ်၊ ဘန်၀ှိုက်၊ တာဗာရက်စ်၊ တိုမီယာဆု၊ အိုဒီဂတ်တို့ဟာ ၂၀ ကျော်အရွယ်တွေသာရှိနေသေးပြီး ဒေးဗစ်က အဆိုပါအစုအဖွဲ့နဲ့ လိုက်လျောညီထွေရှိမယ်လို့လည်း အာတီတာက ယုံကြည်နေပါတယ်။ 

ကနေဒါတိုက်စစ်မှူးဟာ ဒီရာသီမှာ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့လို နာမည်ကျော်တိုက်စစ်မှူးတွေထက် ဂိုးပိုသွင်းပေးထားသူလည်းဖြစ်ပါတယ်။ အဆိုပါကစားသမား ၃ဦးပေါင်းရဲ့ လိဂ်သွင်းဂိုးစုစုပေါင်းက ၁၁ ဂိုးသာရှိပြီး ဒေးဗစ်ထက် ၁ ဂိုးတည်းသာ အသာစီးရရှိထားတာဖြစ်ပါတယ်။ လိုင်လီကတော့ သူတို့တိုက်စစ်မှူးကို လက်လွှတ်ခံမှာမဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် ယူရိုသန်း ၅၀ အထက်ရရှိမယ်ဆိုရင်တော့ ရောင်းချသွားဖွယ်ရာရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က