နန်းမြတ်ဖြိုးသင်းက သံဃာ(၂၅)ပါးကို ကာကွယ်ဆေးထိုးပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ပြီးဆေးမကုခဲ့ရပေမယ့် ယခုလို ကျန်းမာရေးကုသိုလ်ပြုရတဲ့အတွက် ဝမ်းသာကြည်နူးရတယ်လို့ ဆိုပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းက သံဃာ(၂၅)ပါးကို တုတ်ကွေးကာကွယ်ဆေးထိုးပေးပြီး ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။
“ယနေ့ကုသိုလ် သံဃာ၂၅ပါး ကာကွယ်ဆေးထိုး ဆေးဝယ်ရခက်နေတဲ့အချိန် ဆေး၂၅လုံးရအောင်စီစဉ်ပေးတဲ့ ပီတိသုခ Pharmacy, Mother’s Care & Baby accessories ကိုကျေးဇူးတင်ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း
သာသနာ့အတွက် အကျိုးပြုမယ့် သံဃာတွေအတွက် ယခုလို ကုသိုလ်ပြုရတဲ့အတွက် သူမမှာ ဝမ်းသာလို့နေပါတယ်။
“ဆေးဝယ်ရခက်နေချိန်မှာယခုလို လှူဒါန်းခွင့်ရတဲ့အတွက် တကယ် ဝမ်းသာကြည်နူးရပါတယ်။ ဒီနှစ်အတွက် တုတ်တွေးကာကွယ်ဆေး ထိုးပေးခဲ့တာပေါ့။ နန်းမြတ်က ဆရာဝန်တော့ ဖြစ်တယ်။ ဆေးမကုခဲ့ရဘူး။ အခုလိုမျိုး သာသနာ့အတွက် အကျိုးပြုမယ့် သံဃာတွေကို ကိုယ်တိုင် ကျန်းမာရေး ကုသိုလ်ပြုခွင့်ရတဲ့ အတွက် ဝမ်းသာကြည်နူးမဆုံးဖြစ်ရပါတယ်"”လို့ Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက အခုဆိုရင် သားတစ်ယောက်မိခင် ဖြစ်လို့နေပါပြီ။ သားလေးကို မွေးပြီးကတည်းက ရိုက်ကူးရေးတွေ အတူတူ မလုပ်ဖြစ်တဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
‘’အရမ်းစိုးရိမ်တာက တစ်ခုခု အပြောခံရမှာကိုပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အခုခေတ်က ဘာလေးပဲ တင်တင် မကောင်းပြောတာက နည်းနည်းများတာဆိုတော့ သားလေးကို နန်းမြတ်စိုးရိမ်တယ်။ ကိုယ်ဆိုရင် ခံနိုင်တယ်။ ကိုယ့်သားဆိုရင်တော့ မခံနိုင်ဘူး။ ငယ်သေးတာလည်း ပါပါတယ်’’ လို့ သူကဆိုပါတယ်။
Photo : နန်းမြတ်ဖြိုးသင်း
နန်းမြတ်ဖြိုးသင်းက သားလေး Jack Jack ကို ၂၀၁၉ ခုနှစ် ဧပြ့ီလ ၁၂ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သားလေးက ၄ ပေါင်နီးနီး ရှိတယ်လို့လည်း ပြောပြခဲ့ဖူးပါတယ်။ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။