ရော်နယ်ဒိုအတွက် သွင်းဂိုးတွေနဲ့ အဖွင့်လှခဲ့သလို အသင်းကိုလည်း ဇယားထိပ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားအတွက်တော့ သွင်းဂိုးတွေအတွက် စိတ်မပူရတဲ့ အနေအထားတစ်ခုကို ရောက်သွားပြီလို့ ဆိုရတော့မှာပါပဲ။
ဆိုးလ်ရှားကတော့ ဒီပွဲမှာ ကစားသမားသစ်ရော်နယ်ဒိုကို ပွဲထွက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် နွေရာသီမှာ ဝယ်ယူခဲ့တဲ့ ကစားသမားသစ် ဆန်ချို၊ ဗာရန်းနဲ့ ရော်နယ်ဒိုတို့အားလုံးကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကို စိတ်ကျေနပ်စေခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရအောင် ပထမပိုင်းမှာကစားနိုင်ခဲ့ပေမယ့် ဂိုးရဖို့တော့ ခက်ခဲနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နယူးကာဆယ်ကစားပုံက ပိုသွက်လာခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ ၅၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မက်ဆီမင်ဖန်တီးပေးတာကို မန်ကွီနိုက အပိုင်သွင်းကာ ချေပဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးဟာ သိပ်တော့ကြာကြာမခံခဲ့ဘဲ ၆၂ မိနစ်မှာ လုခ်ရှောရဲ့ ဖန်တီးပေးမှုကနေ ရော်နယ်ဒိုက ဘယ်ခြေနဲ့အပြင်းကန်ခဲ့ရာမှာ ဂိုးသမားပေါင်ကြားထဲကဝင်ပြီး ဂိုးဝင်ခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးပြန်ရသွားခဲ့ပါတယ်။
အသင်းအတွက် အဖွင့်ပွဲမှာတင် ရော်နယ်ဒိုက ၂ ဂိုးသွင်းခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ လက်ခုပ်သံကို သဲ့ယူသွားခဲ့ပြန်ပြီဖြစ်ပါတယ်။ ဦးဆောင်ဂိုးရပြီးနောက် ယူနိုက်တက်က ပွဲကိုသေချာထိန်းကစားခဲ့ပြီး နယူးကာဆယ်ကို တိုက်စစ်ဆင်ခွင့်မရအောင် ဂရုစိုက်ခဲ့ပါတယ်။ ကစားကွက်အသာနဲ့ ဖိကစားနေရင်း မိနစ် ၈၀ မှာတော့ ပေါ့ဂ်ဘာရဲ့ ပေးပို့မှုကနေ ဖာနန်ဒက်စ်က ဂိုးဧရိယာထိပ်နားက လှလှပပကန်သွင်းယူခဲ့လို့ ယူနိုက်တက်တို့ တတိယမြောက်ဂိုးရသွားခဲ့ပါတယ်။
နာကျင်အချိန်ပိုမှာတော့ လင်ဂတ်က နောက်တစ်ဂိုးထပ်သွင်းပေးခဲ့လို့ ယူနိုက်တက်တို့ ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲအနိုင်ရလဒ်ကြောင့် ယူနိုက်တက်တို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုပါ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုအတွက် သွင်းဂိုးတွေနဲ့ အဖွင့်လှခဲ့သလို အသင်းကိုလည်း ဇယားထိပ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားအတွက်တော့ သွင်းဂိုးတွေအတွက် စိတ်မပူရတဲ့ အနေအထားတစ်ခုကို ရောက်သွားပြီလို့ ဆိုရတော့မှာပါပဲ။