ဘဏ်ဝန်ထမ်းက ငွေအပ်၊ငွေထုတ်ပြုလုပ်နေသူရဲ့ အပ်ငွေစာရင်းလျှို့ဝှက်နံပါတ်ကို ခိုးယူရိုက်နှိပ်ခဲ့တာပါ။

ဧရာဝတီဘဏ် အငယ်တန်းစာရေး မနှင်းဦးဝေဟာ ဘဏ်မှာ ငွေအပ်၊ငွေထုတ်ပြုလုပ်နေသူရဲ့ အပ်ငွေစာရင်းလျှို့ဝှက်နံပါတ်ကို ခိုးယူရိုက်နှိပ်ပြီး ငွေကျပ်သိန်း (၂၁၀၀) ကို ရည်းစားဖြစ်သူ ဖြိုးဝေစိုးအကောင့်ကို စာရင်းလွှဲပြောင်းပေးခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


Photo- Yangon Police

မရမ်းကုန်းမြို့နယ် ဧရာဝတီဘဏ်ခွဲ (၄၅၊ ရန်ကုန်)မှာ အငယ်တန်းစာရေးအဖြစ်လုပ်ကိုင်သူ မနှင်းဦးဝေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က  ရည်းစားဖြစ်သူ ဖြိုးဝေစိုးဆီကို သိန်း (၂၁၀၀) စာရင်းလွှဲပြောင်းပေးခဲ့ပြီး၊ ဖြိုးဝေစိုးမှ  သိန်း ၂၁၀၀ ထဲကနေ သိန်း ၁၇၀၀ ကို လှိုင်သာယာမြို့နယ်က ဧရာဝတီဘဏ်ခွဲ (၂) မှ လာရောက်ထုတ်ယူသွားခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ ဖြိုးဝေစိုးရဲ့ သူငယ်ချင်းဖြစ်သူ ကျော်စွာထွန်း(ခ)ကိုဇူ ဆိုသူကနေ ပြစ်မှုကျူးလွန်သူ (၂) ဦးကို ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံပတုတ်ကျေးရွာကို ခေါ်သွားတယ်လို့ သိရှိရတာကြောင့် စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

သြဂုတ်လ ၁၅ ရက်မှာ တော့ ကျုးလွန်သူ မနှင်းဦးဝေ၊ ဖြိုးဝေစိုးအပါအဝင် အမှုဖြစ်စဉ်မှာပါဝင်ပတ်သက်သူ ကျော်စွာထွန်း (ခ) ကိုဇူ၊ မြင့်မြင့်စိုးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိတော့ အမှုမှ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဖြိုးဝေစိုး၊ မနှင်းဦးဝေ၊ ကျော်စွာထွန်း(ခ)ကိုဇူ နှင့် မြင့်မြင့်စိုး တို့ကို ဥပဒေနှင့်အညီ တရားစွဲဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က