ပရိသတ်တော်တော်များများက ဘာပေကို တောင်းဆိုနေခဲ့ကြသလို အခြားသောပရိသတ်တွေကလည်း စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူပေးဖို့အတွက် တွစ်တာပေါ်မှာ ရေးသားနေခဲ့ကြပါတယ်။
နယူးကာဆယ်အသင်းကတော့ မကြာခင်မှာ ကလပ်အသင်းပိုင်ရှင်အသစ်ကို ရရှိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ လက်ရှိအသင်းပိုင်ရှင်မိုက်အက်ရှ်လေက ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ဆီ ပေါင်သန်း ၃၀၀ နဲ့ လက်လွှဲရောင်းချသွားဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး မကြာခင်မှာအပြီးသတ်နိုင်တော့မှာလည်းဖြစ်ပါတယ်။
ပေါင်ဘီလီယံပေါင်းများစွာချမ်းသာကြွယ်ဝတဲ့ ဆော်ဒီမင်းသားသာ အသင်းပိုင်ရှင်သစ်ဖြစ်လာမယ်ဆိုရင် ပီအက်စ်ဂျီတိုက်စစ်မှူးဘာပေကို ပထမဆုံးခေါ်ယူသွားဖို့ အသင်းပရိသတ်တွေက တောင်းဆိုနေကြတယ်လို့ သိရပါတယ်။ အသင်းပရိသတ်တွေအနေနဲ့ မိုက်အက်ရှ်လေကို သဘောကျမှုမရှိဘဲ ပိုင်ရှင်သစ်မြန်မြန်ရောက်ရှိလာဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။
လူမှုကွန်ယက်တွေပေါ်မှာတော့ နယူးကာဆယ်ပရိသတ်တွေက သူတို့ရဲ့မျှော်လင့်ချက်တွေကို ဖွင့်ဟနေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တော်တော်များများက ဘာပေကို တောင်းဆိုနေခဲ့ကြသလို အခြားသောပရိသတ်တွေကလည်း စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူပေးဖို့အတွက် တွစ်တာပေါ်မှာ ရေးသားနေခဲ့ကြပါတယ်။
မနေ့က ထွက်ပေါ်လာခဲ့တဲ့ သတင်းများအရင် ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ဟာ ပေါင် ၃၀၀ ဘီလီယံကျော် ကြွယ်ဝချမ်းသာတယ်လို့ သိရပြီး နယူးကာဆယ်အသင်းကို ဝယ်ယူပြီးပါက ပရီးမီးယားလိဂ်မှာ အချမ်းသာအကြွယ်ဝဆုံးအသင်းပိုင်ရှင်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ကာ လက်ရှိအချမ်းသာဆုံးအဖြစ်ရပ်တည်နေတဲ့ မန်စီးတီးအသင်းပိုင်ရှင်ရှိတ်မန်ဆာထက် ၁ဝဆကျော် ပိုမိုကြွယ်ဝနေတာလည်းဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ပရီးမီးယားလိဂ်မှာ သူတို့အသင်းပြန်လည်ဦးမော့လာတော့မယ်လို့ နယူးကာဆယ်ပရိသတ်တွေက ယုံကြည်မျှော်လင့်နေတာဖြစ်ပြီး နာမည်ကျော်ကစားသမားတွေကိုပါ ခေါ်ယူနိုင်ဖို့ မျှော်လင့်လာတာဖြစ်ပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ပိုင်ရှင်အသစ်က လက်ရှိနည်းပြမာ့ဟုချ်နေရာမှာ ဂျူဗီနည်းပြဟောင်းအယ်လီဂရီကို အစားထိုးပြီး ဘာစီလိုနာကွင်းလယ်လူဗီဒယ်ကိုပါ ခေါ်ယူလိမ့်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။