ချဲလ်ဆီးအနေနဲ့ ဆန်ချို၊ ချင်ဝဲလ်အပါအဝင် ကစားသမား ၈ဦးအထိ ချိတ်ဆက်နေတာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ လူငယ်ကစားသမားသစ်ခေါ်ယူရာတွင် စည်းမျဉ်းဥပဒေအချို့ချိုးဖောက်ခဲ့တဲ့အတွက် ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရတာပါ။

အပြောင်းအရွှေ့စျေးကွက်ပိတ်ပင်ခံထားရပေမယ့် လူငယ်ကစားသမားတွေနဲ့အတူ အထိုက်အလျောက်အောင် မြင်မှုရနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ပြစ်ဒဏ်အပေါ်အယူခံဝင်မှုအောင်မြင်နိုင်ခြေရှိတဲ့အတွက် ၀ါရင့်ကစားသ မားအချို့ကို အသင်းကနေထွက်ခွာခွင့်ပေးဖွယ်ရှိနေတယ်လို့ thesun ကဖော်ပြလာပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီကစားသမားအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်ခေါ်ယူခွ င့်ပိတ်ပင်ခံထားရပေမယ့် လက်ရှိမှာတော့ ပရီးမီးယားလိဂ်အဆင့်-၄နဲ့အတူ ချန်ပီယံလိဂ်တွင် ရလဒ်ကောင်းအ ချို့ရရှိနေခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိသတင်းဖော်ပြချက်တွေအရ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့ တိုက်စစ်မှူးဂီရော့ဒ်၊ တောင်ပံက စားသမားပက်ဒရို၊ နောက်ခံလူအလွန်ဆိုတို့ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတင် အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေတာပါ။

အပြောင်းအရွှေ့ပိတ်ပင်ခံခဲ့ရခြင်းအတွက် အယူခံတင်သွင်းထားတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရက်သတ္တ ပတ်အတွင်းမှာ ဆုံးဖြတ်ဖို့ရှိနေပြီး အောင်မြင်နိုင်ခြေများတဲ့အခြေအနေကြောင့် ကစားသမားသစ်ခေါ်ယူဖို့အစီ အစဉ်အချို့လည်းရှိနေပါတယ်။

အစောပိုင်းသတင်းတွေအရ ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားသစ် ၅ဦးအထိခေါ်ယူဖို့ စီစဉ်နေတာဖြစ်တဲ့ အပြင် လွန်ခဲ့တဲ့ စက်တင်ဘာလကတည်းက အေးဂျင့်အချို့နဲ့ဆက်သွယ်ညှိနှိုင်းမှုအချို့ပြုလုပ်ထားတယ်လို့ လည်း သတင်းတွေအရ သိရပါတယ်။

Share

က္က