ပေါင်သန်း ၁ရဝကျော်အမြတ်ငွေရရှိခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ လူငယ်ကစားသမားအချို့ခေါ်ယူခဲ့ရာမှာ ဥပဒေအချို့ဖောက်ဖျက်ခဲ့တဲ့အတွက် အရေးယူခံခဲ့ရတာပါ။

ရာသီအစအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံခဲ့ရတဲ့ ချဲလ်ဆီးအသင်း အနေနဲ့ခက်ခဲတဲ့ ဘောလုံးရာသီအစကိုရင်ဆိုင်ခဲ့ရပေမယ့် စီးပွားရေးအရအသားတင်အမြတ်ငွေများစွာ ရရှိခဲ့တယ်လို့ dailymail ရဲ့ မှတ်တမ်းဖော်ပြချက်များအရ သိရပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပြစ်ဒဏ်အကျိုးသက်ရောက်မှုမရှိသေးတဲ့ အချိန်ကာလတွင် ရီးရဲလ်ကွင်းလယ် ကစားသမားကိုဘာဆစ်ကို ပေါင် ၃၈သန်းအသုံးပြုခေါ်ယူခဲ့ရာကလွဲပြီး အခြားကစားသမားသစ်ခေါ်ယူ နိုင်ခြင်းမရှိတဲ့အတွက် အခုလိုစံချိန်တင်အမြတ်ငွေရရှိခဲ့တာလည်းဖြစ်ပါတယ်။



ဖော်ပြချက်အရ ချဲလ်ဆီးအသင်းအနေနဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ တောင်ပံကစားသမားအီဒင် ဟာဇက်ကို ရီးရဲလ်အသင်းဆီရောင်းချခဲ့ရာကနေတဆင့် စံချိန်အမြတ်ငွေရရှိခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွ င်း ဝင်ငွေစုစုပေါင်း ၂၁၁သန်းအထိရရှိခဲ့ပြီး အမြတ်ငွေတွက်ချက်မှုအရ ပေါင်၁၇၃.ရသန်းအထိရှိလာခဲ့ တာပါ။

စစ်တမ်းဖော်ပြချက်အရ အမြတ်ငွေအများဆုံးရအသင်းအဖြစ်ဦးဆောင်နေတဲ့ ချဲလ်ဆီးအသင်းရဲ့နော က်မှာ ပေါ်တူဂီကလပ်ဘင်ဖီကာအသင်းက ပေါင် ၁၄၁သန်းနဲ့ဒုတိယ၊ နယ်သာလန်ကလပ်အေဂျက်ဇ် အသင်းက ပေါင်၁၁၆သန်းနဲ့ တတိယနေရာမှာ အသီးသီးရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အခြားသတင်းရင်းမြစ်များအရ ပြီးခဲ့တဲ့ အပြောင်းအရွှေ့စျေးကွက်နှစ်ခုတွင် အမြတ်ငွေအများဆုံးရရှိခဲ့ တဲ့အပြင် တစ်သင်းတည်းသောပရီးမီးယားလိဂ်အသင်းအဖြစ်ရှိခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ရာသီကု န်အပြောင်းအရွှေ့ကာလမှာတော့ ကစားသမားသစ်အချို့အတွက် စံချိန်တင်အသုံးစရိတ်အချို့အသုံး ပြုဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

Share

က္က