ဒီလိုဖြစ်စရာအကြေငာ်းရင်းတွေ အများကြီးရှိနေပါတယ်။

လာမယ့်ဘောလုံးရာသီရဲ့ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံးပုံစံနဲ့ မြင်တွေ့ရနိုင်တယ်လို့ စပိန်သတင်းစာ Marca က ယူဆနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပေမယ့်လည်း ဘဏ္ဍာရေးအရ ရီးရဲလ်မက်ဒရစ်က တောင့်တင်းနေဆဲဖြစ်တယ်လို့ သိရပြီး ကစားသမားအများအပြားကို ပိုင်ဆိုင်ထားတာက သူတို့ရဲ့အားသာချက်ဖြစ်နေပါတယ်။ 

ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားအပြီးမှာ ငွေကြေးအများအပြားနဲ့ စာချုပ်ချုပ်ဆိုခေါ်ယူတာမျိုးတွေက နည်းပါးလာမယ်လို့ ယူဆနေပါတယ်။ အငှားနဲ့ပြောင်းရွှေ့တာ၊ ကစားသမားအလဲအထပ်ပြုလုပ်ကြတာတွေကို ပိုမိုဦးစားပေးလာမယ်လို့ ဆိုလိုတာပါ။ ဒီအတွက် တစ်ခုတည်းသောအကြောင်းပြချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေရပ်ဆိုင်းခဲ့ရပြီး ဘဏ္ဍာရေးပြသနာတွေ ရင်ဆိုင်ခဲ့ရလို့ပါပဲ။

လာမယ့်ရာသီမှာဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပထမအသင်းကြီးမှာ ကစားသမား ၃၆ ဦးအထိ ရှိနေပါလိမ့်မယ်။ တကယ်လို့ အဲဒီထဲကမှ နှစ်သက်ရာကစားသမားတွေကို အလိုရှိတယ်ဆိုရင်တော့ ကမ်းလှမ်းနိုင်မှာပါ။ ဒီကစားသမားတွေထဲမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဂါရတ်ဘေးလ်၊ ဘရာဟမ်င်ဒီယက်ဇ်၊ မာရီယာနိုဒီယက်ဇ်တို့က ထွက်ခွာနိုင်ချေအရှိဆုံးကစားသမားတွေပါ။ သူတို့က ဇီဒန်းရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ မပါဝင်တော့ဘူးလို့ အားလုံးလည်း ရိပ်မိနေပါပြီ။

ဟာကီမီ၊ ဆီဘယ်လော့စ်၊ ရီဂွီလွန်၊ အော်စကာရိုဒရီဂွက်ဇ်၊ ဗယ်လီဂျို၊ မာယိုရယ်လ် နဲ့ ကူဘိုတို့လို အငှားထွက်ကစားနေတဲ့ ကစားသမားတွေကလည်း ပြန်ရောက်လာဦးမှာပါ။ မာတင်အိုဒီဂတ်ကတော့ အငှားနဲ့ ဆက်နေနို်င်သလို ပြန်လာကစားရဖွယ်လည်းရှိနေသူပါ။ ဒါပေမယ့် ဟာကီမီ၊ ဆီဘယ်လော့စ် နဲ့ ရီဂွီလွန်တို့ကို ထိပ်သီးအသင်းကြီးတွေက ပစ်မှတ်ထားပြီး ရီးရဲလ်အတွက်တော့ အားသာချက်တွေဖြစ်နေပါတယ်။ 

မာဆယ်လိုကလည်း ဖာလန်းမန်ဒီကြောင့် အသင်းပြောင်းရွှေ့ရဖို့များနေပြီး ဒီရာသီမှာမှ ခေါ်ယူထားတဲ့ ရီနီယာဂျီးဆပ်ကိုတော့ လာမယ့်ရာသီမှာလည်း ရီးရဲလ်ကအငှားချဖို့ပဲ စဉ်းစားပါလိမ့်မယ်။ ဒီတော့ ရီးရဲလ်အနေနဲ့ ကစားသမားသစ်ခေါ်ယူနိုင်မယ့် အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင် ငွေကြေးအများကြီး သူတို့အသုံးပြုဖွယ်မရှိပါဘူး။ တကယ်လို့ ဟာလန်း၊ ကာမာဗင်ဂါ၊ ပေါ့ဂ်ဘာတို့ရဲ့ တန်ဖိုးတွေလျော့ကျခဲ့မယ်ဆိုရင်တော့ ခေါ်ယူဖွယ်ရှိနေပါလိမ့်မယ်။ ဘတ်ပီကိုတော့ သူတို့တွေ နောက်ထပ်တစ်နှစ်လောက် စောင့်ဆိုင်းဦးမယ်ဆိုတာကတော့ သေချာပေါက်ပါပဲ။ 

အချုပ်ဆိုရရင်တော့ ရီးရဲလ်မှာ အသင်းအများအပြားက မျက်စိကျလောက်တဲ့ ကစားသမားတွေရှိနေပါတယ်။ အဲဒီကစားသမားတွေကလည်း နာမည်ကျော်တွေချည်းပဲဖြစ်နေလို့ စျေးကွက်အတွင်းမှာ ရီးရဲလ်က မင်းမူနိုင်တယ်ဆိုတာပါပဲ။ သူတို့မှာ ပထမအသင်းကြီးအတွက် ကစားသမားက ပိုလျှံနေတာပါ။ ဗင်နီရှပ််၊ ရိုဒရိုင်ဂိုတို့ကလည်း ပိုပိုပြီးအားကိုးနေရပါပြီ။ မလိုအပ်တဲ့ကစားသမားတွေကို ရှင်းထုတ်ရမှာကလည်း အများကြီးပါ။ ဒါကပဲ စျေးကွက်ကို သူတို့တွေ ထိန်းချုပ်နိုင်ဖို့ဖြစ်လာတာပါပဲ။ 

Share

Loading Next Article...
က္က