သြဂုတ်လကုန်ကတည်းက အနားယူနေခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ဒဏ်ရာရချင်ယောင်ဆောင်နေတယ်လို့ ပြောဆိုမှုတွေရှိနေချိန်မှာ ၎င်းရဲ့ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး အင်စတာဂရမ်အကောင့်မှာ ပို့စ်တင်ခဲ့တယ်လို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့သြဂုတ်လကုန်က ဆောက်သမ်တန်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ၁၄ ပွဲမှာ ၂ ပွဲသာ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

စပိန်မှာ မကြာသေးမီက ထွက်ပေါ်လာတဲ့သတင်းတွေအရ ပေါ့ဂ်ဘာဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရီးရဲမက်ဒရစ်အသင်းကို အတင်းအကြပ်ပြောင်းရွှေ့ချင်တာကြောင့် ဒဏ်ရာရချင်ဟန်ဆောင်နေတယ်လို့ သိရပါတယ်။

စပိန်ရေဒီယိုဌာန COPE အပါအဝင် စပိန်သတင်းစာအများအပြားက တနင်္လာနေ့မှာ ပေါ့ဂ်ဘာဟာ အမှန်တကယ်တော့ ပွဲကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အတင်းအကြပ် အသင်းပြောင်းရွှေ့ဖို့အတွက် ပါဝင်ကစားပေးဖို့ ငြင်းဆန်နေတာဖြစ်တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ တနင်္လာနေ့ညနေမှာ အချိန်ကိုက်ဆိုသလိုပဲ ၎င်းရဲ့ဒဏ်ရာနောက်ဆုံးအခြေအနေကို လူူမှုကွန်ရက်မှာ တင်ခဲ့ပြီး ၎င်းတင်ခဲ့တဲ့ ဗီဒီယိုရုပ်သံဖိုင်ထဲမှာ ညာဘက်ခြေချင်းဝတ်ကို အကူသိုင်းကြိုးနဲ့ချည်နှောင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

ပေါ့ဂ်ဘာဟာ လွန်ခဲ့တဲ့ ၂ ပတ်ခန့်က ခြေချင်းဝတ် အကာအကွယ်ကို ဖယ်ရှားခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာစေဖို့အတွက် နိုင်ငံတကာအားလပ်ရက်အတွင်း အမေရိကကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်းနားဆိုးလ်ရှားကတော့ ပေါ့ဂ်ဘာအနေနဲ့ တော့တင်ဟမ်ဟော့စပါး၊ မန်ချက်စတာစီးတီးအသင်းတို့နဲ့ တွေ့ဆုံရမယ့် ဒီဇင်ဘာလ အစောပိုင်းမှာ ပြန်လည်ကစားနို်င်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားထားတာဖြစ်ပါတယ်

Share

က္က