ရွှေမှုံကို အားမကျဘူးတဲ့။

ရွှေမှုံရတီရဲ့ ညီမငွေမှုံရတီကတော့ အမအိမ်ထောင်ပြုသွားတာကို အားကျတာမျိုးမရှိပါဘူးတဲ့။ အမပြီးတော့ ညီမအလှည့် ဘယ်တော့လည်းလို့ မေးနေတဲ့သူတွေအတွက် သူမက တစ်ခါတည်း အဖြေပေးလိုက်ပြီနော်

ရွှေမှုံရတီရဲ့ ညီမငွေမှုံရတီကတော့ အမအိမ်ထောင်ပြုသွားတာကို အားကျတာမျိုးမရှိပါဘူးတဲ့။ သူ့အနေနဲ့ အခုချိန်မှာ ရည်းစားထားဖို့လည်းစိတ်မပါသလို ယောကျ်ားယူဖို့လည်း စိတ်မပါတာကြောင့် အပျိုကြီးလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ Duwun Media သို့ဖြေဆိုပေးထားပါတယ်။

“ကိုယ်တွေက အစကတည်းက FA သမားတွေဆိုတော့ အားကိုမကျတာ စိတ်မဝင်စားဘူး။ အပျိုကြီးလုပ်မှာ စိတ်ချ ရည်းစားထားဖို့လည်း စိတ်မပါဘူး။ယောကျာ်းယူဖို့လည်း စိတ်မပါဘူး။ လုံးဝမဖြစ်နိုင်တော့ဘူး ကိုယ့်ဘာသာကိုယ်လည်းသိတယ် ငါအပျိုကြီး ဖြစ်တော့မှာလို့ ကိုယ့်ဘာသာကိုယ်သိတယ်။အဲ့ဒါကြောင့် အပျိုကြိးလုပ်မှာ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်မယ် ။ အပျိုကြီးလုပ်မယ်။” ဆိုပြီး ဒီဇင်ဘာ(၁၄) ရက်နေ့က ပြုလုပ်တဲ့ Shwe FM ပွဲမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ယခုလက်ရှိအချိန်မှာတော့ မိခင်က သူမကို အရမ်းဂရုစိုက်နေတာဖြစ်လို့ ပျော်နေပါတယ်တဲ့။ “အရင်တုန်းက ညီမက ကောျင်းနဲ့ဆိုတော့ အမေက လွှတ်ထားတယ်။ တစ်ဖက်ကို ပေ့ါ။ အမကိုပဲ ပင့်တင်ပေးဖြစ်တယ်။ အခုကျတော့ သူ့အိမ်ထောင်နဲ့ သူဖြစ်သွားပြီဆိုတော့ အမေနဲ့ ညီမနဲ့ အနီးဆုံးဖြစ်သွားတယ်။အမေက ညီမကို ပိုပြိးတော့ ဂရုစိုက်ဖြစ်တယ်။ အလုပ်တွေ ပိုပြီး လက်ခံပေးလာတယ်။

အရမ်းကို ပျော်နေပါတယ်။ အရမ်းဂရုစိုက်နေတယ်။ သူနေရာကို ဆက်ခံတော့မှာပေ့ါ။ အလုပ်တွေလည်း သူ့နေရာကို ဆက်ခံမှာပေ့ါ။ အမေက ညီမနှစ်ယောက်လုံးရဲ့ အလုပ်ကို လက်ခံပေးနေတာဆိုတော့ နှစ်ယောက်လုံးက အတူတူလုပ်နေပေမယ့် ညီမဘက်ကိုပိုပြီး support ပေးဖြစ်တာပေ့ါ။ “ လို့ သူမက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

သူမအနေနဲ့ အစ်မဖြစ်သူ ရွှေမှုံရတီကိုု ဒီထက်ပိုပြီး အောင်မြင်စေချင်သလို အောင်မြင်မှုကို လည်း ဆက်လက်ထိန်းသိမ်းစေချင်တယ်ဆိုပြီး ပြောပြခဲ့ပါသေးတယ်။ ငွေမှုံရတီလေးကလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပြီး တစ်မျိုး ချစ်စရာကောင်းတဲ့သူလည်း ဖြစ်ပါတယ်။ သူမက ခန္ဓာကိုယ်ထွားတာကြောင့် အရင်ကဆို ညီမနှစ်ယောက်မှာ သူမကို အကြီးမလို့တောင် ထင်ကြပါတယ်။

ငွေမှုံဟာလည်း အနုပညာကို ဝါသနာပါသူ တစ်ယောက်ဖြစ်တာကြောင့် သရုပ်ဆောင်ပိုင်းမှာ နေရာတစ်နေရာ ရရှိအောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ငွေမှုံရတီကတော့ လက်ရှိမှာ ပညာရေးနဲ့ အနုပညာကို တွဲဖက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးနေရပြီး ပရိသတ်တွေအသိအမှတ်ပြု အားပေးနေတဲ့ သရုပ်ဆောင်သစ်တစ်ယောက်လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က