ပြတ်ပြတ်သားသားနော်။

အပျိုကြီး မမ အေးမြတ်သူက သူမအတွက် အချစ်ဟာ ပြေးလို့လိုက်တာလား လိုက်လို့ပြေးတာလားဆိုတာ ပြောပြထားတယ်နော်။

Photo : Amazing Grace



အေးမြတ်သူက လက်ရှိအချိန်ထိ အိမ်ထောင်ရေးကို မစဉ်းစားသေးဘဲ သူမဝါသနာပါရာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်နေသူတစ်ဦးပါ။ သူမရဲ့ အချစ်ရေးကရောအခုချိန်မှာ ဘယ်လိုရှိနေလဲဆိုတာ ကြည့်လိုက်ဦးနော်။

“အေးမြတ်သူကတော့ အချစ်နဲ့ ပတ်သက်ရင် အမြဲတမ် ပြေးမယ်လို့ပဲ စဉ်းစားတယ်။ အပျိုကြီးတွေက ဘယ်တော့မှအသဲမကွဲဘူး။ ချစ်သူမရှိတာမဟုတ်ဘူး။ ချစ်ရတဲ့သူတွေအရမ်းများလို့ ရွေးချယ်ရခက်နေတာ အပျိုကြီးတွေရဲ့ ဘဝက ချစ်သူနဲ့ အသည်းကွဲလို့ ထိုင်ငိုရတဲ့ထဲမှာမပါတော့ဘူး အရမ်းချစ်တတ်လွန်းလို့ အပျိုကြီးဖြစ်နေတာ” ဆိုပြီး ဇွန်လ(၁၄) ရက်နေ့က ပြုလုပ်တဲ့ “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet မှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။



Photo : Amazing Grace

အပျိုကြီး အေးမြတ်သူကတော့ သူမအတွက် အချစ်ဟာ ဘယ်လိုမျိုးလဲ ဆိုတာပြောပြခဲ့ပါသေးတယ်။

“အေးမြတ်သူကတော့ အချစ်က အမြဲတမ်း ပြေးနေချင်တယ်။ တစ်ယောက်တည်းနောက်ကို မလိုက်ချင်ဘူး။ ပင်ပန်းလို့ သူက ရှေ့ကပြေးတဲ့သူနဲ့ နောက်ကလိုက်တဲ့သူ နောက်ကလိုက်တဲ့သူက ပိုပင်ပန်းတယ်။ ရှေ့ ပြေးတဲ့သူက အရမ်းလွတ်လပ်တယ်။ ရှေ့မှာ ဘာမှမရှိဘူးလှပနေတာ။ နောက်ကအဲ့လူကို မီအောင်လိုက်ဖို့ အရမ်းပင်ပန်းတယ်။ ဆိုတော့ အေးမြတ်သူက အချစ်က လိုက်လို့ပဲ ပြေးချင်တယ်” လို့ သူမက ဆိုပါတယ်။

Photo : Amazing Grace

သူမရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီးတော့လည်း သရုပ်ဆောင်သူထူးစံရဲ့ မင်္ဂလာပွဲမှာ မီဒီယာတွေကိုပြောပြခဲ့ဖူးပါသေးတယ်။

“အေးမြတ်သူကတော့ နောက်ထပ် ၅ နှစ်လောက်တော့ လိုဦးမယ်ထင်တယ်။ ဈေးနှုန်းအသက်သာဆုံးနဲ့ အခမ်းနားဆုံးဖြစ်ချင်တာ။ လက်ဖွဲ့ငွေလည်း အများကြီးရချင်တယ်။ အဲဒါကြောင့်လည်း ယောကျ်ားယူစေချင်တဲ့သူ ရှိမှာ မဟုတ်ဘူး’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ဖြေဆိုခဲ့ပါတယ်။


Photo : Amazing Grace

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၄ နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသမီးချော တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က