ဂလေဇာမိသားစုဝင်တစ်ဦးက ရှယ်ယာ၁၁ရာခိုင်နှုန်းရောင်းချဖို့စီစဉ်ခဲ့ရာကနေတဆင့် အစပြုခဲ့တာလည်းဖြစ်ပါတယ်။

ဆော်ဒီအာရေဗျအိမ်ရှင်မင်းသားအနေနဲ့ ယူနိုက်တက်ကို ဝယ်ယူဖို့ ဆန္ဒပြင်းပြနေခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင်ဂလေဇာမိသားစုအနေနဲ့ အသင်းကိုရောင်းချဖို့အစီအစဉ်မရှိဘူးလို့အ တည်ပြုသတင်းထုတ်ပြန်ထားခဲ့သော်လည်း အသင်းအမှုဆောင်အရာရှိချုပ်ရဲ့ ဆော်ဒီအာရေဗျခရီးစဉ်ကြောင့် အပြောင်းအလဲအချို့ဖြစ်ပေါ်လာနိုင်တယ်လို့ ဗြိတိန်မီဒီယာအများစုက သုံးသပ်ဖော်ပြလိုက်ပါတယ်။

အစောပိုင်းသတင်းထွက်ပေါ်မှုတွင် ဂလေဇာမိသားစုအနေနဲ့ အသင်းပိုင်ရှယ်ယာအားလုံးကို ပေါင် ၄ဘီလျံအထိ အလိုရှိနေပြီး ဆော်ဒီအာရေဗျအိမ်ရှင်မင်းသားကပေးချေရန်အသင့်ရှိနေတယ်လို့သတင်းဖော်ပြမှုတွေရှိနေခဲ့တာ  လည်းဖြစ်ပါတယ်။



ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားဘင်ဆယ်လ်မန်အနေနဲ့ ငွေကြေးပိုင်ဆိုင်မှုအရ ပေါင် ၁ထရီလျံအထိပိုင်ဆိုင် ထားတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိတန်ကြေးထက်ပိုပြီးပေးချေနိုင်တဲ့အခြေအနေတ စ်ရပ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

TheSun ရဲ့ဖော်ပြချက်တွင် ယူနိုက်တက်အမှုဆောင်အရာရှိချုပ်အက်ဝုဒ်ဝက်ဘ်အနေနဲ့ ဆော်ဒီအာရေဗျနိုင်ငံ သို့ ခရီးထွက်ခဲ့တဲ့အခြေအနေက အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်လာဖို့အစပြုနေပြီဖြစ်တယ်လို့ အခိုင်အ မာသုံးသပ်ခဲ့တာဖြစ်ပြီး သတင်းတွေထွက်ပေါ်တဲ့အတိုင်း အရောင်းအဝယ်ဖြစ်ပေါ်လာဖို့ရှိတယ်လို့လည်းသုံးသပ် ခဲ့တာပါ။

လက်ရှိအခြေအနေအပေါ် ယူနိုက်တက်အသင်းဘက်ကရော၊ ဆော်ဒီအိမ်ရှေ့မင်းသားဘက်ကရော တစ်စုံတစ် ရာအတည်ပြုသတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း အသင်းပိုင်ရှင်ဂလေဇာမိသားစုအနေနဲ့အသင်းရဲ့ရှယ် ယာအလုံးစုံကို ပိုင်ရှင်အသစ်ထံရောင်းချဖို့အပြီးတိုင်ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့အမေရိကန်အခြေစိုက်မီဒီယာတွေ က ဖော်ပြနေကြတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က