ပလပ်စတစ်အိတ်ထဲ ထည့်ထားတဲ့ မူးယစ်ဆေး (၉၉)ပြားဖမ်းမိတာပါ။

အချုပ်ကျနေတဲ့ယောကျာ်းကို မိန်းမနဲ့အတူ မူးယစ်ဆေးအမှုနဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အချုပ်ကျနေတဲ့ တရားခံယောကျာ်းကိုလာတွေ့တဲ့ မိန်းမရဲ့ မိန်းမကိုယ်ထဲကနေ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု ဇွန်လ(၁၂)ရက်နေ့က အင်းစိန်မြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဧည့်တွေ့လာတဲ့အမျိုးသမီးကို ရဲမေတွေက စစ်ဆေးတဲ့ အခါမှာ အခုလိုတွေ့ရှိခဲ့တာပါ။

“ ဖြစ်စဉ်က အမျိုးသမီးက သူ့ယောကျာ်းကိုလာတွေ့တယ်၊ လာတွေ့တဲ့ ဧည့်တွေ့တွေကို တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကစစ်ဆေးတယ်။ အခု အမျိုးသမီးကိုလည်း တာဝန်ကျရဲမေတွေကစစ်ဆေးတာ။ စစ်ဆေးတဲ့အခါမှာ အဲဒီအမျိုးသမီးရဲ့ မိန်းမကိုယ်ထဲမှာ ပလပ်စတစ်ထဲထည့်ပြီးယူဆောင်လာတဲ့ မူးယစ်ဆေးပြား (၉၉)ပြားကို တွေ့ရှိခဲ့တာ “လို့ ဇွန်လ(၁၄)ရက်နေ့ ညနေပိုင်းက အင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

အချုပ်ကျနေတဲ့ ယောကျာ်းကတော့ ယခုအချုပ်ကျနေတဲ့ ပုဒ်မအပြင် နောက်ထပ်ပုဒ်မ တစ်ခုနဲ့ ထပ်ပြီး အမှုဖွင့်ခံရတာပေါ့လို့ အဆိုပါ စခန်းတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့ အချုပ်ကျနေတဲ့ ယောကျာ်းကိုကော၊ မူးယစ်ဆေးသယ်ဆောင်လာပေးတဲ့ မိန်းမကို ကိုပါ မူးယစ်ဆေးဝါးဥပဒေပုဒ်မတွေနဲ့အညီ အင်းစိန်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က