ဘယ်လို လုပ်ရမလဲဆိုတာကို ခိုင်သင်းကြည်က ပြောပြထားပါတယ်။

ခိုင်သင်းကြည်ဟာ COVID-19 ကူးစက်ရောဂါကြောင့် စိုးရိမ်နေရတဲ့အခြေအနေမှာ မဖြစ်မနေ အပြင်သွားရမယ် ဆိုရင် အဝတ်အစားက အစ ဂရုစိုက်ပါလို့ ဆိုလာပါတယ်။ 

Photo: ခိုင်သင်းကြည်



ခိုင်သင်းကြည်ကတော့ COVID-19 ကာကွယ်ရေး အခြေအနေမှာ မဖြစ်မနေ အပြင်သွားရမယ်ဆိုရင် လုံလုံခြုံခြုံ ဖြစ်ဖို့လည်း အရေးကြီးတဲ့အကြောင်းပြောလာပါတယ်။ သူမ ကိုယ်တိုင်ကလည်း မဖြစ်မနေ ဈေးဝယ်ထွက်ရမယ့် အခြေအနေမှာ လုံလုံခြုံခြုံ ဝတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ဒီနေ့ကိုယ့်ရဲစူပါမားကတ်သွားတဲ့စတိုင်ကိုတစ်ချက်ရှိုးလိုက်ပါ။ အပြင်မထွက်တာ၂ပတ်ပြည့်ခါနီးပြီ။ ဒီနေ့တော့ကိုယ်တိုင်ထွက်ဝယ်မလို့ ဂါဝန်အင်္ကျီလက်ရှည်ဝတ်၊ ခေါင်းပေါင်းပေါင်းmaskတပ်ပြီးထွက်လာတာထိပ်လေးနဲ့အိမ်ကလူတွေကကြည့်ပြီးဝိုင်းရယ် ကြတယ်လေ။ ကိုယ့်အတွေးကတော့အပြင်ကပြန်လာရင် maskကို လွှင့်ပစ်ခေါင်းပေါ်က ပုဝါရယ်၊ အကျီရယ်ကို အိမ်ပြင်မှာချွတ်ခဲ့မယ်( အောက်ကအတိုတစ်ထည်ခံဝတ်ထားတယ်)ဖိနပ်ကလည်း ကော်ဖိနပ်ဆိုတော့အပြင်မှာထားခဲ့ပြီး ဆပ်ပြာနဲ့ဆေးပြစ်လို့ရတယ်။ ပိုက်ဆံနဲ့ဖုန်းထည့်ထားတဲ့အဝတ်အိတ်ကလည်းလွှင့်ပစ်လို့ရတယ်ပေါ့လေ။ အိမ်ထဲကိုလက်ဆေးပြီးဝင်ရေချိုးလိုက်ရုံဘဲပေါ့။ ရယ်စရာဖြစ်သွားတာတော့တက်နိုင်ဘူး" ဆိုပြီးတော့ ဧပြီလ ၄ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: ခိုင်သင်းကြည်

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွား တဲ့ လူဦးရေတွေက အများကြီးရှိ လို့နေပါပြီ။ မြန်မာနိုင်ငံ အတွင်းမှာလည်း အခုဆိုရင် COVID-19 ကူးစက်ခံနေရသူ လူဦးရေ(၂၀) ဦး ရှိလို့နေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော် များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: ခိုင်သင်းကြည်

ခိုင်သင်းကြည်ရဲ့ အနုပညာသက်တမ်းကတော့ အခုဆိုရင် နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးထားပါသေးတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူ တစ်ယောက်ပါ။ ခိုင်သင်းကြည်ဟာ ပထမဆုံးအကြိမ်အကယ်ဒမီဆုအနေနဲ့ ၂၀၁၃ ခုနှစ်မှာတော့ ''စုန်းပြူး''ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ''ကောင်းကျိုးကိုယ်၌တည်စေမင်း''ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့ပြန်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က