အပြောင်းအရွှေ့အတွက် အကြံပေးကုမ္ပဏီကို ငှားရမ်းချင်နေပါတယ်။

မက်ဒရစ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Driblab ဟာ ကစားသမားဦးရေတစ်သိန်းကျော်ရဲ့ အချက်အလက်တွေကို စုဆောင်းထားတယ်လို့သိရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဆိုးလ်ရှားဟာ အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေအတွက် စပိန်နိုင်ငံအခြေစလိုက် အကြံပေးဝန်ဆောင်မှုအဖွဲ့ရဲ့ အကူအညီကို ရယူလိုနေတယ်လို့ သိရပါတယ်။ မက်ဒရစ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Driblab ဟာ ကစားသမားဦးရေတစ်သိန်းကျော်ရဲ့ အချက်အလက်တွေကို စုဆောင်းထားတယ်လို့သိရပါတယ်။

ကစားသမားတစ်ဦးချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို တွက်ချက်ထားတဲ့အပြင် ဖြစ်ပေါ်လာနိုင်တဲ့ အပြောင်းအရွှေ့တွေကိုပါ သုံးသပ်ထားပြီး ကလပ်အသင်းတွေအတွက်တော့ ကစားသမားသစ်ခေါ်ယူရာမှာ အထောက်အကူပေးတဲ့ အဖွဲ့အစည်းလို့သိရပါတယ်။ လာလီဂါအသင်း ၁၂သင်းခန့်က အဆိုပါအဖွဲ့အစည်းနဲ့ချိတ်ဆက်ထားတယ်လိ့ုလည်း Daily Mail က ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်အသင်းတစ်သင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကလည်း ကစားသမားသစ်တွေကို ခေါ်ယူခြင်းမပြုခင်မှာ Driblab ဆီက အကြံဉာဏ်တွေကို ရယူခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိအောင် အစွမ်းကုန်ကြိုးစားနေတယ်လို့ သိရပါတယ်။ အသက် ၁၆ နှစ်နဲ့အထက်ကစားသမားတွေရဲ့ မတူညီကွဲပြားတဲ့အချက်အလက်မှတ်တမ်းတွေကို အသေးစိတ်သိရှိရမှာဖြစ်ပြီး ဒဏ်ရာရရှိမှုကြောင့် ဘယ်လိုစွမ်းရည်မှာကျဆင်းလာနိုင်မလဲဆိုတာကိုပါ လေ့လာထားတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်အနေနဲ့ ကမ္ဘာတဝှမ်းမှာ ကင်းထောက်တွေစေလွှတ်ထားရှိထားတဲ့အသင်းဖြစ်ပါတယ်။ အဆိုပါကင်းထောက်အဖွဲ့တွေကတဆင့် ဆိုးလ်ရှားနဲ့ မိုက်ဖီလန်ဆီကို အစီရင်ခံစာတွေနဲ့ မှတ်ချက်ပြုမှုတွေကို ပြန်လည်ပေးပို့ရပြီး ခေါ်ယူပေးဖို့အတွက် ဝုဒ်ဝက်ဒ်နဲ့ မတ်ဂျက်တို့က တာဝန်ယူရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆိုးလ်ရှားက နည်းပညာအကူအညီကိုပါ မိတ်ဆက်ရယူချင်လာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၂နေရာရပ်တည်နေကာ နောက်ဆုံးကစားခဲ့တဲ့ ၁၁ပွဲမှာ ၃ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကလည်း ရာသီတိုင်းမှာ ဆိုးရွားတဲ့တွက်ချက်မှုတွေကြောင့် အမှားအယွင်းတွေရှိနေခဲ့ပြီး အဆိုပါအချက်ကိုဖာထေးဖို့ ဆိုးလ်ရှားက နည်းပညာအကူအညီကို ရယူချင်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က