မဖြစ်နိုင်မှန်းသိရင်တော့ လက်လွှတ်ပေးမှာပေ့ါ။

ပူလောင်တဲ့အချစ်နဲ့ ငြိမ်းချမ်းတဲ့အချစ် ရွေးချယ်ရမယ်ဆိုရင် ငြိမ်းချမ်းတဲ့အချစ်ကိုပဲ ရွေးချယ်ပါဆိုပြီး သူမက အကြံပေးထားပါသေးတယ်။

အရမ်းအချစ်ကြီးတဲ့ ကောင်မလေးတစ်ယောက်အဖြစ် “ချည်” ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေသမီးက အပြင်မှာလည်း အရမ်းချစ်တတ်တဲ့သူပါတဲ့။ ဒါပေမယ့် သူမရဲ့ အချစ်က အရမ်းအစွန်းမရောက်ဘူးလို့ ဆိုပါတယ်။

“ ရွှေသမီး ရဲ့ အချစ်က အစွန်းမရောက်ဘူးဘယ်အရာမဆိုကိုယ်က အစွန်းမရောက်ဘူး။ ချစ်တာကတော့ အရမ်းချစ်တတ်တယ်။ မဖြစ်နိုင်တော့ ဘူးဆိုတဲ့အချိန်မှာတော့ကိုယ်လည်း အေးအေးချမ်းချမ်းပဲ လက်လွှတ်ပေးမယ်။သူကောင်းဖို့ သူပျော်ဖို့အတွက်ပဲစဉ်းစားပြီး လက်လွှတ်ပေးမှာပေ့ါ။ အဲ့လိုစိတ်ပဲ ထားတယ်” ဆိုပြီး သူမရဲ့ ခံစားချက်ကို ပြောပြထားပါတယ်။

ငုလေး ဆိုတဲ့ ကာရိုက်တာနဲ့ “ချည်” ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားသူကတော့ ရွှေသမီးဖြစ်ပါတယ်။ ဒီကာရိုက်တာကို လက်ခံရိုက်ကူးဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း သူမက ပြောပါတယ်။

“ ဒီကာရိုက်တာကို လက်ခံလိုက်တဲ့ အချိန်မှာ ကိုယ်ရိုက်သင့်တယ်ထင်လို့ရိုက်လိုက်တာပါ။ ပြီးတော့ လိုအပ်တာတွေကို ဒါရိုက်တာနဲ့ သေချာတိုင်ပင်တယ်။ တချို့ဇာတ်ဝင်ခန်းတွေမှာဆို အစ်ကိုရော၊ အစ်မရောက လက်တွဲခေါ်ပေးတယ်။ ကိုယ်မကြိုးစားရင် ကိုယ်ကျန်ခဲ့မှာ အစ်ကိုနဲ့ အစ်မကလည်း အိုက်တင်လျော့မှာ မဟုတ်ဘူး။ ဒါကြောင့် ချစ်သင့်တဲ့နေရာမှာလည်း တကယ်ချစ်ခဲ့သလို မုန်းရမယ့် နေရာမှာလည်း မုန်းခဲ့တဲ့ ဇာတ်ဝင်ခန်းတွေရှိပါတယ်” ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

photo : ချည်

ပူလောင်တဲ့အချစ်နဲ့ ငြိမ်းချမ်းတဲ့အချစ် ရွေးချယ်ရမယ်ဆိုရင် ငြိမ်းချမ်းတဲ့အချစ်ကိုပဲ ရွေးချယ်ပါဆိုပြီး သူမက အကြံပေးထားပါသေးတယ်။ “ချည်” ဇာတ်ကားထဲ နမူနာကြည့်ပြီး သူမရဲ့ ကာရိုက်တာကို ပရိသတ်တွေ မုန်းနေမယ်ဆိုတာ သိနေပေမယ့် ဒီဇင်ဘာ(၂၆) ရက်နေ့ ရုံတင်ပြသတဲ့အချိန်မှာ ကြည့်ရှုအားပေးကြဖို့ကိုလည်း ပြောထားပါသေးတယ်။

photo : ချည်

ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများ ကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကား ကြီး တွေလည်း အများကြီးပါ။ အခုဆိုရင်တော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ "ချည်" ရုပ်ရှင်ဇာတ်ကားကြီးကလည်း ဒီဇင်ဘာလ ၂၆ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။



Share

Loading Next Article...
က္က