တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Tesla app ပြတ်တောက်မှု ဖြစ်ခဲ့ပြီးနောက် Tesla ကားပိုင်ရှင်တွေ ဒုက္ခရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
လျှပ်စစ်ကားကုမ္ပဏီ Tesla app သုံးမရ ဖြစ်ခဲ့မှုဟာ ကနဦးက အမေရိကန်တစ်နိုင်ငံတည်း ကြုံခဲ့ရာကနေ တစ်ကမ္ဘာလုံးအနေအထားနဲ့ ဝင်မရ ဖြစ်ခဲ့တာပါ။ Telsla ကားပိုင်ရှင် ဒါဇင်ပေါင်းများစွာဟာ Social Media ပေါ်မှာ App ကနေ တစ်ဆင့် သူတို့ကားနဲ့ ဆက်သွယ်လို့ မရ ဖြစ်ခဲ့တဲ့အကြောင်း ပို့စ်တွေ ရေးတင်ခဲ့ကြပါတယ်။ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဆို တောင်ကိုရီးယားကားပိုင်ရှင်တစ်ယောက်ရဲ့ Twitter ပေါ်က တိုင်ကြားမှုကို "စစ်ဆေးနေပါတယ်" ဆိုပြီး အကြောင်းပြန်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
Photo: BBC
App ပြတ်တောက်မှုအကြောင်း သုံးစွဲသူ ၅၀၀ ခန့်က Report တင်ခဲ့တယ်လို့ ကွန်ရက်ပြတ်တောက်မှု ခြေရာခံဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Down Detector က ဖော်ပြပါတယ်။ နောက်ထပ် ၅ နာရီအကြာမှာ Error Report တင်သူ ၆၀ ကျော်ပဲ ရှိတော့တယ်လို့လည်း ဒီဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ နောက်ပိုင်းမှာတော့ အီလွန်မတ်စ်က Tesla App ဟာ အွန်လိုင်းပြန်ဖြစ်သွားပြီ ဆိုပြီး ပြောခဲ့ပါတယ်။
Tesla Mobile App ဟာ Tesla ကားပိုင်ရှင်တွေအတွက် အရေးကြီးတဲ့ App တစ်ခု ဖြစ်ပါတယ်။ ကားတံခါးဖွင့်တာကို Tesla App ထဲက Phone Key feature နဲ့ ဖွင့်နိုင်သလို ကားစက်နှိုးတာကို ဖုန်း App ကနေ လုပ်နိုင်ပါတယ်။ Tesla ကား ထိန်းချုပ်မှုစနစ်အတော်များများကိုလည်း Mobile App ကနေပဲ လုပ်ဆောင်နိုင်တာဖြစ်လို့ App Outage ဖြစ်သွားတာကြောင့် ဖုန်း app အားကိုးနဲ့ Keycard ပါမလာသူတွေ ကားထဲ ဝင်ဖို့ အခက်တွေ့တာမျိုးတွေ ကြုံလာခဲ့တာ ဖြစ်ပါတယ်။
ဒီသီတင်းပတ်အတွင်း Tesla Mobile App မှာ update သစ်တစ်ခု ထည့်သွင်းလိုက်ပြီးတဲ့နောက် အခုလိုဆာဗာပြတ်တောက်မှု ကြုံခဲ့တာပါ။ ကားပိုင်ရှင်တွေအတွက် Features သစ်တွေအပြင် ကားဝယ်မယ့်သူတွေအတွက် ကားဝယ်ယူမှုနဲ့ ပစ္စည်းပို့ဆောင်မှုကိစ္စတွေပါ လုပ်နိုင်မယ့် Features တွေ ထည့်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာလည်း Tesla ရဲ့ Client ဆာဗာနဲ့ Internal System တို့ နာရီပေါင်းများစွာကြာအောင် Break Down ဖြစ်မှုနဲ့ ကြုံခဲ့ရပါတယ်။