ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပါဘူး။

ကယ်လီဖိုးနီးယားပြည်နယ်မှာ စမ်းသပ်နေတဲ့ Apple ရဲ့ မောင်းသူမဲ့ကားဟာ ပြီးခဲ့တဲ့အပတ်က မတော်တဆမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ပါတယ်။

10190808-3x2-700x467.jpg

Photo: ABC

 

Lexus RX450h ကို အလိုအလျောက်မောင်း အာရုံခံစနစ်တွေ သုံးထားတဲ့ ဒီကားကို Nissan  Leaf ကားတစ်စင်းမှ အနောက်ကနေ ဝင်တိုက်သွားခဲ့တာပါ။ သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီအက်ဆီးဒင့်ကြောင့် ကားနောက်ပိုင်း အနည်းငယ် ထိခိုက်ခဲ့ပြီး ယာဉ်မောင်းကတော့ ဘေးကင်းခဲ့တယ်လို့ဆိုပါတယ်။။

အခင်းဖြစ်ချိန်မှာ အထူးအာရုံခံကိရိယာများ တပ်ဆင်ထားတဲ့ Lexus RX450h ဟာ တစ်နာရီ ၁ မိုင်နှုန်းနဲ့စမ်းသပ်နေစဉ် တိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ကယ်လီဖိုးနီးယား ယာဉ်ဌာနက ထုတ်ပြန်ပါတယ်။ Apple ဟာ Project Titan နာမည်နဲ့မောင်းသူမဲ့ကား စီမံကိန်းကို လျှို့ဝှက်အကောင်အထည် ဖော်နေတာပါ။

ကယ်လီဖိုးနီးယားပြည်နယ် မှာ မောင်းသူမဲ့ကား စမ်းသပ်ခွင့် ပါမစ်ရပြီးနောက် Apple ဟာ ကားအစီးရေ ၆၆ စင်း ၊ လိုင်စင်ရ ယာဉ်မောင်း ၁၁၁ ဦးနဲ့Project Titan ကို စမ်းသပ်နေတာပါ။ ကယ်လီဖိုးနီးယား မော်တော်ကားဌာနဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက မောင်းသူမဲ့ကားကုမ္ပဏီ ၂၉ ခုကို စမ်းသပ်ခွင့် ပေးခဲ့တာ ဖြစ်ပြီး Apple ကတော့ 2015 Lexus RX 450h hybrid  ကားတွေနဲ့ စတင် စမ်းသပ်ခဲ့တာပါ။

Apple ကနေ စမ်းသပ်မောင်းနှင်မယ့် 2015 Lexus RX 450h SUVs ကားတွေမှာ အကူကားမောင်းသူပေါင်း ၆ ဦးအထိ လိုက်ပါစီးနင်းခွင့်လည်း ရရှိထားပါတယ်။ မကြာသေးခင်ကလည်း Apple ရဲ့ AI သုတေသနဌာနဟာ ကုမ္ပဏီရဲ့ မောင်းသူမဲ့နည်းပညာပိုင်း တိုးတက်ချက်များကို မိတ်ဆက်ပြသခဲ့ပါတယ်။

Photo: Reuters

 

မောင်းသူမဲ့ကား နည်းပညာဟာ စိတ်ချရတဲ့ အနေအထားကို ရောက်မလာသေးပါဘူး။ မကြာသေးမီက နာမည်ကြီး မောင်းသူမဲ့ကားကုမ္ပဏီများ ဖြစ်တဲ့ Uber နဲ့Waymo တို့ဟာလည်း မောင်းသူမဲ့ကားမတော်တဆမှုများ ကြုံတွေ့ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က