Telsa ရဲ့ အင်ဂျင်နီယာချုပ်ကို ငှားထားပါတယ်။

Apple ဝန်ထမ်းတွေ အလုပ်ဖြုတ်ခံရတယ်ဆိုတာ ကြားနေကျ သတင်းမျိုးတော့ မဟုတ်ပါဘူး။

         Project Titan ဟာ Apple ရဲ့ အလိုအလျောက်မောင်း ယာဉ်နည်းပညာလုပ်ငန်းတစ်ခုဖြစ်ပြီး လူသိနည်းတဲ့ လျှို့ဝှက်ပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Project Titan မှာ ခေါင်းဆောင်သစ် အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက် Apple ဟာ ဖွဲ့စည်းပုံပြောင်းတဲ့အနေနဲ့ဝန်ထမ်း ၂၀၀ ကျော် အလုပ်ထုတ်လိုက်တယ်လို့CNBC သတင်းမှာ ဖော်ပြထားပါတယ်။



         "ကျွန်တော်တို့team အနေနဲ့၂၀၁၉ မှာ အဓိက အာရုံစိုက်စရာ နယ်ပယ်တွေ အများအပြား ရှိလာတာကြောင့် တစ်ချို့အဖွဲ့တွေကို machine learning နဲ့တစ်ခြား အလုပ်တွေမှာ ပံ့ပိုးပေးနိုင်မယ့် နေရာတွေကို ပြောင်းရွှေ့သွားဖို့ရှိပါတယ်။ " လို့ကုမ္ပဏီက ထုတ်ပြန်ထားပေမယ့် ဝန်ထမ်းတွေ အလုပ်က အနားပေးတဲ့အကြောင်းတော့ တရားဝင် အတည်ပြုချက် မပေးသေးပါဘူး။

         Apple ဟာ ဘော့ဘ်မန်စ်ဖီးနဲ့အတူ Project Titan ကို ဦးဆောင်ဖို့Tesla ရဲ့ ကားအင်ဂျင်နီယာချုပ် ဒေါ့ဂ်ဖီးကို ပြီးခဲ့တဲ့နှစ်မှာ ခေါ်ယူခဲ့ပြီးနောက် အဖွဲ့အစည်းအတွင်း အပြောင်းအလဲများ ဖြစ်လာခဲ့တာပါ။ Project Titan ဟာ ဝန်ထမ်း ၅၀၀၀ ခန့်နဲ့လည်ပတ်နေတဲ့ မောင်းသူမဲ့ကားပရောဂျက်ဖြစ်ပြီး Volkswagen လိုမျိုး ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့hardware ပိုင်းအတွက် ပူးပေါင်းထားတယ်လို့ဆိုပါတယ်။

         အစောပိုင်းက Project Titan အနေနဲ့မောင်းသူမဲ့ကားနဲ့ဆော့ဖ်ဝဲလ်စနစ် နှစ်မျိုးစလုံးကို ဖန်တီးဖို့ရည်မှန်းထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မောင်းသူမဲ့ ဆော့ဖ်ဝဲလ်နည်းပညာပိုင်းဘက်ကို ပိုပြီး အားစိုက်လာခဲ့ပါတယ်။ Apple ဟာ ၂၀၁၄ ခုနှစ်ကတည်းက Titan နဲ့T172 ဆိုတဲ့ ကားပရောဂျက်နှစ်ခုကို စတင်ခဲ့တာပါ။

         ဝန်ထမ်းအင်အား လျှော့ချလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ထားပေမယ့် လမ်းပေါ်မှာ စမ်းသပ်မောင်းနှင်နေတဲ့ Apple ရဲ့ မောင်းသူမဲ့ကားအရေအတွက်ကတော့ တိုးမြင့်လာနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က