panel အော်ဒါ ၅ သန်း ထုတ်လုပ်ပေးရမှာပါ

iPhone 14 သစ်တွေအတွက် တရုတ် Display ကုမ္ပဏီ BOE ထုတ် OLED Panels တွေကို အသုံးပြုတော့မှာပါ။ 

ပြီးခဲ့တဲ့ လအနည်းငယ်က iPhone 13 အတွက် အော်ဒါမှာထားတဲ့ Panels တွေမှာ BOE ဘက်က အသိမပေးဘဲ ဒီဇိုင်းပြောင်းခဲ့တဲ့အတွက် Apple ဟာ BOE ဆီက အော်ဒါတွေ ဆက်မမှာဘဲ ရပ်ဆိုင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ BOE ကုမ္ပဏီဆီက iPhone 14 အတွက် Panel မှာမယ့်ကိစ္စလည်း ရှေ့မဆက်နိုင်ဘဲ တန့်နေခဲ့ပါတယ်။ 





BOE ဟာ Apple ဆီက အော်ဒါတွေ ပြန်ရဖို့ အင်ဂျင်နီယာနဲ့ အမှုဆောင်အရာရှိတွေကို ကူပါတီနိုရုံးဆီ စေလွှတ်ခဲ့ပါတယ်။ BOE ကို ပေးထားတဲ့ OLED အော်ဒါတွေကို Samsung ရသွားမယ်လို့လည်း သတင်းတွေ ပြေးနေခဲ့ပါတယ်။ သီတင်းပတ်အတော်ကြာအောင် BOE ကုမ္ပဏီဟာ အကျဉ်းအကျပ်နဲ့ ရင်ဆိုင်ခဲ့ရာကနေ အခုတော့ Apple အတွက် အော်ဒါမှာတဲ့အတိုင်း ပစ္စည်းထုတ်လုပ်ခွင့် ရလာပြီ ဖြစ်ပါတယ်။ 

ဒီနှစ် စက်တင်ဘာလထဲမှာ Apple ဟာ iPhone 14 စီးရီးကို ကြေညာမှာ ဖြစ်ပြီး ဈေးကွက်ဆန်းစစ်သူတွေရဲ့ ခန့်မှန်းချက်အရ Apple ဟာ iPhone 14 စီးရီးအတွက် Display Panels ပေါင်း သန်း ၉၀ ကို အော်ဒါမှာဖို့ ရှိနေပါတယ်။ အော်ဒါ သန်း ၉၀ မှာ Samsung Display ဆီက သန်း ၆၀ ၊ LG Display ဆီက ၂၅ သန်းနဲ့ BOE ဆီက panel ၅ သန်း မှာသွားဖို့လည်း ရှိပါတယ်။ 

BOE ကုမ္ပဏီဟာ အရင်ကလည်း iPhone 12 နဲ့ iPhone 13 တို့အတွက် panels တွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ အသစ်ထွက်လာမယ့် iPhone 14 အတွက် panel အမြောက်အများထုတ်လုပ်မှုကို BOE အနေနဲ့ ဇူလိုင်လ မကုန်ခင် စတင်သွားဖို့လည်း စီစဉ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က