64GB storage ကို ဖြုတ်သွားဖို့ ရှိပါ

စက်တင်ဘာ ၁၄ ရက် Apple ရဲ့ California Streaming event မှာ မိတ်ဆက်သွားမယ့် iPhone သစ်တွေဟာ အနည်းဆုံး 128GB storage ကနေ ထွက်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

           နာမည်ကြီး Apple analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုရဲ့ အစီရင်ခံစာကို ကိုးကားပြီး iPhone 13 Pro နဲ့ 13 Pro Max တို့ဟာ 1TB storage အထိ ပါလာမယ်လို့ 9to5Mac သတင်းက ဖော်ပြထားတာပါ။ iPhone 13 series မှာ non-pro version တွေ ဖြစ်ကြတဲ့ iPhone 13 Mini နဲ့ iPhone 13 တို့မှာတော့ 128GB,256GB နဲ့ 512GB ဆိုပြီး storage သုံးမျိုးနဲ့ ထွက်လာမယ်လို့လည်း မင်ချိကုအိုက ဆိုပါတယ်။





           ၂၀၂၀ မှာ ထွက်ခဲ့တဲ့ iPhone 12 နဲ့ iPhone 12 Mini တွေမှာ 64GB,128GB နဲ့ 256GB ဆိုပြီး storage option ၃ မျိုးနဲ့ ထွက်ခဲ့တာပါ။ ဒီနှစ်ကစပြီး နောက်ထွက်လာမယ့် iPhone သစ်တွေမှာ 64GB option ပါလာဖို့ အလားအလာနည်းသွားပြီ ဖြစ်ပါတယ်။ တစ်ခုရှိတာက လက်ရှိ ကြုံနေတဲ့ ထုတ်လုပ်မှုပြဿနာတွေကြောင့် iPhone 13 ပစ္စည်းပြတ်လပ်မှု ဖြစ်နိုင်တယ်လို့လည်း မင်ချိကုအိုက သတိပေးထားပါတယ်။

           "ပစ္စည်းအစိတ်အပိုင်း ပြတ်လပ်မှုကြောင့် ၂၀၂၁ Q3 အတွင်းမှာ ထုတ်လုပ်မှု ၅% ကနေ ၁၀% လောက် ကျဆင်းသွားပါတယ်။ စတုတ္ထသုံးလပတ်ဖြစ်တဲ့ Q4 မှာ iPhone 13 တင်ပို့ရောင်းချမှုလည်း ပစ္စည်းပြတ်မှုကြောင့် ကျဆင်းဖို့ရှိပါတယ်။ ဒါပေမယ့်လည်း ဒါက iPhone 13 တင်ပို့‌ရောင်းချမှုအပေါ် အတိုင်းအတာတစ်ခုအထိပဲ ရိုက်ခတ်ဖို့ရှိပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း iPhone 13 ရောင်းချမှုဟာ နှစ်အလိုက်တင်ပို့မှုထက် ၁၀% ကျော် (အရင် iPhone 12 တင်ပို့မှုထက်)ပိုများလာဖို့ ရှိပါတယ်။ " လို့ မင်ချိကုအိုက ဆိုပါတယ်။


Photo: macworld

           အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ iPhone 13 စီးရီးဟာ အရင် iPhone 12 မှာလိုမျိုး မော်ဒယ် ၄ မျိုးနဲ့ ထွက်လာဖို့ ရှိပြီး ဖုန်း Size လည်း အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ ဖော်ပြနေကြပါတယ်။ iPhone သစ်တွေမှာ Video Portrait Mode နဲ့ အာကာသဓါတ်ပုံရိုက်ကူးမှုစနစ် Astrophotography Mode တို့ ပါဝင်လာမယ်လို့လည်း ဆိုပါတယ်။ အဆင့်မြှင့်လာတဲ့ ကင်မရာစနစ်မှာ ပိုအားကောင်းလာတဲ့ Ultrawide lens နဲ့ Video Recording အတွက် ပိုကောင်းမွန်တဲ့ Optical Zoom တစ်ခုလည်း သုံးသွားဖို့ ရှိပါတယ်။

           အင်္ဂါနေ့ Apple Event မှာ AirPods 3 ကိုလည်း မိတ်ဆက်သွားမယ်လို့ သူက ခန့်မှန်းထားပါတယ်။ ဒီပွဲမှာပဲ Watchfaces သစ်တွေနဲ့ Screen Size ပိုကြီးလာမယ့် Apple Watch 7 ကို ကြေညာသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က