Apple Watch သစ်ပါ ဝေဖန်သွားပါတယ်

အကောင်းတကာ့အကောင်းဆုံး iPhone လို့ တင်မ်ကွတ်ကြေညာခဲ့တဲ့ iPhone 13 စီးရီးဟာ အရင်မော်ဒယ်တွေနဲ့ ဘာမှ သိပ်မကွာဘူးလို့ Apple တည်ထောင်သူတစ်ဦးဖြစ်တဲ့ စတိဗ်ဝေါ့ဇ်နိခ်က ပြောလိုက်ပါတယ်။ 



စတိဗ်ဂျော့စ်နဲ့အတူ Apple Co-founder သုံးဦးထဲက တစ်ဦးဖြစ်တဲ့ စတိဗ်ဝေါ့ဇ်နိခ်က အခုလို မှတ်ချက်ပေးလိုက်တာ ဖြစ်တယ်လို့ PhoneArena သတင်းက ဆိုပါတယ်။ ဝေ့ါဇ်နိခ်ရဲ့ အမြင်မှာ‌တော့ iPhone 13 စီးရိးနဲ့ Apple Watch Series 7 ဟာ အရင်မော်ဒယ်တွေထက် ဆန်းလာတာ မရှိဘူးလို့ ယူဆထားတာပါ။ 

Photo: nydailynews


"ကျွန်တော် iPhone သစ် ရလာတယ်။ အမှန်အတိုင်းပြောရရင် အရင် မော်ဒယ်တွေနဲ့ ဘာကွာသလဲ မပြောတတ်ဘူးဗျ"လို့ ဝေါ့ဇ်နိခ်က ပြောပါတယ်။

Apple ရဲ့ နောက်ဆုံးထွက် iPhone တွေဟာ အရင်မော်ဒယ်နဲ့ ဒီဇိုင်းတည်ဆောက်ပုံ တစ်ပုံစံတည်း သုံးထားတာပါ။ iPhone 13 စီးရီးကို မောင်းနှင်တဲ့ A15 Bionic chips ဟာ ပြိုင်ဘက်စမတ်ဖုန်း Chipset တွေထက် အများကြီး မြန်ဆန်တယ်ဆိုပေမယ့် အရင် iPhone 14 မော်ဒယ်တွေမှာ သုံးထားတဲ့ A14 SoC ထက် အပြတ်အသတ်သာတာမျိုးတော့ မဟုတ်ပါဘူး။

ကင်မရာ Specs တွေလည်း အများအားဖြင့် တူညီနေပြီး Sensor တွေ ဆိုဒ်ကြီးလာလို့ အလင်းပိုဖမ်းနိုင်တာ ၊ ဓါတ်ပုံရုပ်ထွက်နည်းနည်း ပိုကောင်းလာတာပဲ ရှိပါတယ်။ ဘက်ထရီပိုင်းမှာ iPhone 13 စီးရီး နည်းနည်းပိုတိုးတက်လာပြီး Pro မော်ဒယ်တွေမှာ 120Hz Screen သုံးလာတာပဲ ပြောစရာ ရှိပါတယ်။ ဒီအချက်နဲ့တော့ iPhone 13 ကို Apple စမတ်ဖုန်းစီးရီးတွေထဲမှာ Game-Changer ဖြစ်တယ်လို့ ပြောလို့ မရပါဘူး။ 


Photo: Phone Arena

Apple Watch သစ်ဟာ အရင် Series 6 ကို အတော်အသင့် Upgrade လုပ်ထားတာ ဖြစ်ပြီး Screen ကြီးလာတာ (အရင်မော်ဒယ်တွေထက် 1mm size ပိုကြီးလာတာ) ၊ ပိုအကြမ်းခံတာပဲ ရှိပြီး processor ကို အရင် S6 ပဲ သုံးထားတာပါ။ Apple Watch Series 7 ရဲ့ အားသွင်းတဲ့ charging မှာ အရင် USB-A သံလိုက် အားသွင်းကြိုးကနေ USB-C သံလိုက်အားသွင်းကြိုးပြောင်းလာတာ ၊ အရောင်ပိုစုံလာတာ ၊ အရင်ဈေး (၃၉၉ ဒေါ်လာ) နဲ့ ထွက်တာပဲ စိတ်ဝင်စားစရာ ရှိပါတယ်။ 

ဝေါ့ဇနိခ်ဟာ iPhone X ထွက်တုန်းကလည်း ဒီဖုန်းဟာ သူမဝယ်ဖြစ်တဲ့ နောက်ဆုံးပေါ် iPhone မော်ဒယ်ဖုန်းတွေထဲမှာ ပထမဆုံး ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ "ကျွန်တော်လည်း စောင့်ပြီး တစ်လုံး ကိုင်ကြည့်လိုက်တယ်။ ကျွန်တော်အခုကိုင်နေတဲ့ iPhone 8 လေးနဲ့ပဲ အဆင်ပြေပါတယ်။ အအကြောင်းရင်းတချို့ကြောင့် iPhone X ဟာ ကျွန်တော် Upgrade လုပ်ဖြစ်မှာ မဟုတ်တဲ့ ပထမဆုံး iPhone ဖြစ်လာတော့မှာပါ။ "လို့ ဝေါ့ဇနိခ်က ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က