Apple Car တွေ ထွက်ဖို့ ဝေးမြဲဝေးဆဲပါပဲ

            Apple ရဲ့ ကားနည်းပညာပိုင်းအကြီးအကဲဖြစ်သူကို Ford ကားကုမ္ပဏီက အဆင့်မြင့်နည်းပညာနဲ့ Embedded Systems ပိုင်းအရာရှိချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။

           Doug Field ဟာ Apple မှာတုန်းက အထူးပရောဂျက်တွေကို ဦးဆောင်ခဲ့တဲ့ ဒုဥက္ကဌတစ်ဦးဖြစ်ခဲ့ပါတယ်။ Apple မောင်းသူမဲ့ကားပရိုဂရမ်ဖြစ်တဲ့ Project Titan ကို သူပဲ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအရင်က သူဟာ Apple မှာ Mac hardware Engineering ပိုင်းမှာ ဒုဥက္ကဌဖြစ်ခဲ့ပြီး ၂၀၁၃ မှာ ကုမ္ပဏီက ထွက်ပြီး Tesla မှာ အလုပ်ဝင်ခဲ့ပါတယ်။ Tesla မှာ ယာဉ်အင်ဂျင်နီယာချုပ်အဖြစ်နဲ့ အလုပ်လုပ်ခဲ့ပြီး သူ့လက်ထက်မှာ Model 3 Sedan တွေ လျာထားချက်အတိုင်း ပြည့်မီအောင် မထုတ်နိုင်တဲ့ ပြဿနာဖြစ်ပြီးနောက် အလုပ်က ထွက်သွားခဲ့ပါတယ်။




Photo: Bloomberg

           ၂၀၁၈ မှာ Tesla က ထွက်ပြီးတဲ့နောက် Apple ဆီ ပြန်ရောက်ခဲ့ပြီး ကားနည်းပညာပိုင်းမှာ ဦးဆောင်မှုတွေ လုပ်ခဲ့တာပါ။ Field ရဲ့ အလုပ်ထွက်မှုဟာ Apple ကားပရောဂျက်အတွက် လှုပ်ခတ်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ Bloomberg သတင်းထောက်နဲ့ Apple Insider မှ Mark Gurman ကတော့ ဒါဟာ Apple အတွက် သတင်းဆိုးပဲလို့ ဆိုပါတယ်။

           "ပြဿနာတွေ အထပ်ထပ်ပြည့်နေတဲ့ Apple ကားပရောဂျက်မှာ အကြီးမားဆုံး အခက်အခဲတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီက ရေးခဲ့သလိုပဲ လာမယ့် ၂၀၂၄ ဖြစ်ဖြစ် ၂၀၂၅ ဖြစ်ဖြစ် Apple Car ထွက်နိုင်ဖို့ မမြင်ရတော့ပါဘူး။ အခုဆို ထွက်နိုင်မှာတောင် မဟုတ်တော့ပါဘူး" လို့ ရေးထားပါတယ်။

           Project Titan ကို ၂၀၁၄ မှာ စတင်ခဲ့တာ ဖြစ်ပေမယ့် အခုထိ မောင်သူမဲ့ယာဉ်ရဲ့ ကနဦး အဆင့်မှာပဲ ရှိသေးတာ ဖြစ်ပါတယ်။ Field အလုပ်မထွက်ခင် ပြီးခဲ့တဲ့ဇွန်လထဲမှာ Apple ဟာ i3 EV နဲ့ i8 Hybrid Sports ကားတွေ ထုတ်လုပ်ရေးမှာ အလုပ်လုပ်ခဲ့တဲ့ BMW အမှုဆောင်ဟောင်း Ulrich Kranz ကို အလုပ်ခန့်ခဲ့ပြီး Kranz ဟာ Field ရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့တာပါ။


Photo: CNBC

           ထိပ်တန်း အမှု‌ဆောင်တစ်ယောက် ကုမ္ပဏီက ထွက်တာဟာ ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ Field ကို အလုပ်ခန့်လိုက်တဲ့ Ford ကုမ္ပဏီဟာ လျှပ်စစ်ကားတွေ ထုတ်လုပ်မှု စတင်နေပါတယ်။ Ford ကနေ ထွက်တဲ့ နာမည်ကျော် ပစ်ကပ်ထရပ်ကားကို လျှပ်စစ်ကားဗားရှင်းပြောင်းထားတဲ့ F-150 Lightning နဲ့ all-electric Mustang တို့ကိုလည်း တည်ဆောက်နေတာပါ။

           Ford ဟာ Tesla ကားတွေလိုမျိုး အပြည့်အဝချိတ်ဆက်နိုင်တဲ့ ကားတွေ ဖန်တီးမယ့် Ford Plus ဆိုတဲ့စီးပွားရေးအစီအစဉ်ကို ပစ်မှတ်ထားနေတာပါ။ လာမယ့် ၂၀၂၃ ခုနှစ်မှာ Ford ထုတ် ကားသန်းပေါင်းများစွာဟာ Google ရဲ့ Android စနစ်သုံး Infotainment Systems နဲ့ ထွက်လာမယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က