Premium AR/VR Headset အဖြစ် မြင်ရမှာပါ

လာမယ့် ၂၀၂၂ မှာ Apple ရဲ့ ပထမဆုံး Mixed-Reality Headset သစ် ဖြန့်ချိဖို့ ရှိတယ်လို့ သတင်းထွက်နေပါတယ်။

AR နဲ့ VR အတွေ့အကြုံနှစ်မျိုးလုံး ပေးနိုင်မယ့် Apple Headset အကြောင်း သတင်းတွေ ထွက်နေခဲ့တာ နှစ်နဲ့ချီ ကြာနေပြီ ဖြစ်ပါတယ်။ ကောလာဟလတွေအရ Apple ရဲ့ AR/VR Headset ကို Apple Glasses ဆိုပြီး နာမည်ပေးသွားမယ်လို့ ကြားထားတာပါ။ Apple Glasses ဟာ Augmented Reality (AR) နဲ့ Virtual Reality (VR) အတွေ့အကြုံနှစ်မျိုးလုံး ပါရှိမှာပါ။




Photo: Tom's Guide

ဒီတစ်ခေါက်မှာတော့ Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းရဲ့ Power On newsletter မှာ Apple Glasses အကြောင်း သတင်းထူးတစ်ခု မျှဝေလိုက်ပြီ ဖြစ်ပါတယ်။ "Apple ဟာ လာမယ့်နှစ်လောက်က စပြီး အဆင့်မြင့် chips ၊ Display ၊ sensor နဲ့ လူပုံတူအခြေခံ features တွေပါတဲ့ တန်ဖိုးကြီးထုတ်ကုန်တစ်ခု ဖြန့်ချိဖို့ ပြင်နေတယ်" လို့ ဂါးမန်းက ရေးပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဒီ ထုတ်ကုန်ဟာ AR/VR နှစ်မျိုးစလုံး အထောက်အပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။

ဈေးကြီးမယ်လို့ ပြောထားပေမယ့် ဘယ်လောက်ဈေးနဲ့ ရောင်းချဖို့ ရှိတယ်ဆိုပြီး ဂါးမန်းက ပြောမထားပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ တက်လာတဲ့ သတင်းတစ်ပုဒ်အမှာတော့ Apple ဟာ ပြိုင်ဘက်ထုတ်ကုန်တွေထက် ဈေးပိုကြီးမယ့် AR/VR Headset တစ်မျိုး ထုတ်နေတယ်လို့ ဖော်ပြထားပြီး စက်တင်ဘာလထဲမှာ Supply Chain တွေဆီက သတင်းအရ ၂၀၂၂ မှာ ထွက်ဖို့ ရှိတဲ့ ဒီ Headset ဟာ ဒေါ်လာ ၂၀၀၀ ဝန်းကျင်ဈေးနဲ့ ရောင်းဖို့ ရှိတယ်လို့ ပြောထားပါတယ်။

Apple ရဲ့ ပထမဆုံး AR/VR Headset ဖြစ်လာမယ့် ဒီထုတ်ကုန်ဟာ ဂိမ်းတွေကို အရည်အသွေးမြင့် Virtual Reality နဲ့ ကစားနိုင်မယ့် Mixed Reality ခံစားမှု ပေးနိုင်မယ်လို့ ဆိုပါတယ်။ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကလည်း လာမယ့်နှစ်ထဲမှာ ဈေးပိုကြီးပြီး စွမ်းဆောင်ရည် ပိုမြင့်မားတဲ့ VR Headset သစ် ထုတ်ဖို့ ပြင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က