Android တွေက iPhone ထက် ‌malware တိုက်ခိုက်ခံရမှု ၁၅-၄၇ ဆ ပိုများတယ်လို့ ဆိုပါ

တရားဝင်မဟုတ်တဲ့ Sources တွေကနေ Apps တွေ ထည့်ချင်ရင် iPhone မကိုင်ပါနဲ့လို့ Apple CEO တင်မ်ကွတ်က ပြောပါတယ်။ 

အင်္ဂါနေ့က ကျင်းပတဲ့ New York Times DealBook ကွန်ဖရင့်မှာ Sideload လို့ ခေါ်တဲ့ အင်တာနက်ပေါ်က တွေ့ရာ Files နဲ့ Apps တွေ ဒေါင်းလုပ်ဆွဲတာနဲ့ ပတ်သက်လို့ တင်မ်ကွတ်က ပြောခဲ့တာပါ။ iPhone တွေရဲ့ security နဲ့ privacy ပေါ် ကာကွယ်ပြောဆိုတဲ့အနေနဲ့ iPhone တွေပေါ်မှာ Sideload apps သွင်းချင်သူတွေအနေနဲ့ Android ဖုန်း ဝယ်ဖို့ စဉ်းစားသင့်တယ်ဆိုပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။ 



Photo; DailyAdvent

"အန်ဒရူးရေ ဒီနေ့ခေတ်က လူတိုင်း ရွေးချယ်ခွင့်ရှိတယ်လို့ ကျွန်တော်ထင်တယ်လေ။ ဒီတော့ ခင်ဗျား Sideload ထည့်ကူးချင်ရင် Android ဖုန်း ဝယ်နိုင်ပါတယ်" လို့ အန်ဒရူး ရော့စ် ဆောကင်းကို တင်မ်ကွတ်က ပြောပါတယ်။ ကားရောင်းရာမှာ လေအိတ်တို့ ခါးပတ်တို့ မပါတဲ့ ကားရောင်းတဲ့ ကုမ္ပဏီကို ဥပမာပြုပြီး Sideloading လုပ်တာဟာ အန္တရာယ်များလွန်းတယ်လို့လည်း သူက နှိုင်းယှဉ်ပြသွားပါတယ်။ 

ဒီတစ်ပတ်ထဲမှာပဲ Apple ဆော့ဖ်ဝဲလ်အင်ဂျင်နီယာပိုင်း အကြီးတန်း ဒုဥက္ကဌ ခရေ့ချ် ဖက်ဒရစ်ဂီကလည်း Sideloading လုပ်တာဟာ ဆိုက်ဘာရာဇဝတ်မှုအတွက် အကောင်းဆုံးသူငယ်ချင်းတစ်ယောက်လို့ တင်စားပြီး ဘယ်ကမှန်းမသိဘဲ Web ပေါ်က Apps တွေ သွင်းခြင်းရဲ့ အန္တရာယ်ကို ထောက်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း Apple ဟာ iPhone နဲ့ Android ဖုန်း ecosystem ရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ နှိုင်းယှဉ်ချက်အကြောင်း စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ 


Photo: ComputerWorld

စာတမ်းမှာ Android စမတ်ဖုန်းတွေဟာ iPhone ထက် malware တိုက်ခိုက်ခံရမှု ၁၅ ဆကနေ ၄၇ ဆအထိ ရှိကြောင်းပါ ဖော်ပြခဲ့ပါတယ်။ အခုလို ဖြစ်တာကလည်း Sideloading နဲ့ နီးနီးကပ်ကပ် ချိတ်ဆက်နေတယ်လို့လည်း စစ်တမ်းက ဆိုပါတယ်။ Apple ဟာ privacy ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ လုပ်ခဲ့ပြီး ဒီထဲမှာ App တွေရဲ့ ခြေရာခံမှုအကြောင်း သုံးစွဲသူကို ကြိုသတိပေးတဲ့ App Tracking Transparency feature သစ်လည်း ပါဝင်ခဲ့ပါတယ်။ 

Facebook ၊ Google ၊ Snapchat နဲ့ တခြား social media ကုမ္ပဏီကြီးတွေဟာ ATT feature သစ်ကြောင့် ဝင်ငွေ ဒေါ်လာ ၁၀ ဘီလျံနီးပါး ထိခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

Share

Loading Next Article...
က္က