ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်ဖွင့်ခဲ့တာပါ။

ဘဏ်ဓားပြတိုက်ခံရမှုနဲ့ပတ်သက်လို့ လက်ရှိမှာ ဘဏ်အနီးတစ်ဝိုက်လုံခြုံရေးကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အမှုဖြစ်ပွားခဲ့စဉ်အတွင်းမှာလည်းဘဏ်ဝန်ထမ်းနဲ့ Customer တွေတော့ ထိခိုက်မှု လုံးဝမရှိခဲ့ကြောင်းသိရပါတယ်။ 


ဓားပြတိုက်ခံခဲ့ရတဲ့ မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမပေါ် CB ဘဏ်ကို နာရီပိုင်းခန့် ခေတ္တပိတ်ထားခဲ့ပြီး ဒီနေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာ ပြန်လည် ဖွင့်လှစ်လိုက်ပြီလို့ အဆိုပါဘဏ်ကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ ဘဏ်ကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ပုံမှန်ဘဏ်လုပ်ငန်းတွေ ပြန်လည် ဝန်ဆောင်မှု ပေးနေပြီလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဘဏ်မှ ငွေသား သိန်း (၆၀၀) ခန့် ပါသွားပြီး ဘဏ်ဝန်ထမ်းနဲ့ Customer တွေတော့ ထိခိုက်မှု လုံးဝမရှိခဲ့ကြောင်း CB ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက် မနက် ၉ နာရီ ၁၅မိနစ်အချိန်ခန့်မှာ မြောက်ဒဂုံ CB ဘဏ်ခွဲအတွင်း မျက်နှာဖုံးတပ်ထားတဲ့ လူတစ်ဦးဝင်ရောက်လာကာ ဘဏ်လုံခြုံရေးနဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်၊ ငွေသားတွေ ယူဆောင်ကာ အဌားယာဉ်စီးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။

မိနစ်ပိုင်းအတွင်းသက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ရောက်လာခဲ့ပြီး ဘဏ်အတွင်းထောင်ထားခဲ့တဲ့ ဗုံးကို စစ်ဆေးကြည့်ရာမှာတော့ အတုဖြစ်နေခဲ့တယ်လို့လည်း မြောက်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က Duwun ကိုပြောပါတယ်။

လက်ရှိ တရားခံ ဖမ်းဆီးရမိရေး မြောက်ဒဂုံမြို့နယ်ရဲစခန်းက ဆက်လက်ဆောင်ရွက်နေပေမယ့် ဘယ်လို ဆောင်ရွက်ထားလဲဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။

အဆိုပါ ဖြစ်စဉ်ကြောင့် မြောက်ဒဂုံ CB ဘဏ်ကိုလည်း ခေတ္တပိတ်ထားခဲ့သလို မျက်နှာချင်းဆိုင်က KBZ ဘဏ်ကိုလည်း ခေတ္တပိတ်ထားခဲ့တာကို တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က