အအိပ်ပျက်၊ အစားပျက်မှာလည်း စိုးမိတယ်။

မြင့်မြတ်ကတော့ သားလေးနဲ့ အတူတူ အပြင်တွေ လျှောက်သွားချင်တယ်လို့ ဆိုပါတယ်။ 

Photo: Myint Myat



မြင့်မြတ်ရဲ့သားလေး မြတ်သူကတော့အခုဆိုရင် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိထားပြီဖြစ်တဲ့ ကလေးလေးတစ်ယောက်ပါပဲ။ ဖခင်ဖြစ်သူ မြင့်မြတ်ကတော့ သားလေးကို အပြင်တွေ သွားတိုင်း ခေါ်သွားချင်မိတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ သားကို အပြင်တွေသွားတိုင်း ခေါ်ချင်ပါတယ်။ အများအားဖြင့်လည်း အပြင်တွေ သွားရင် ခေါ်တယ်။ ဒါပေမယ့် ညဘက်တွေဆိုရင် သူ့ရဲ့ အိပ်ချိန်ကိုလည်း ထိခိုက်မှာစိုးတော့ မခေါ်ဖြစ်ဘူး။ သူ့ကို အိပ်ချိန်၊ စားချိန်က အစ သေချာလေး ဂရုစိုက်ဖြစ်တယ်” လို့ မေလ ၁၅ ရက်နေ့က Media 7 နဲ့ စာချုပ်ချုပ်ဆိုပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Myint Myat

မြင့်မြတ်ဟာ အခုဆိုရင်တော့ ဇနီးဖြစ်သူရယ်၊ သားရယ်၊ ဗိုက်ထဲမှာရှိနေသေးတဲ့ ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို အေးအေးချမ်းချမ်းဖြတ်သန်းသွားမယ်လို့လည်း သူကဆိုပါတယ်။ 

“ ကျွန်တော်က အိမ်မှာနေနေ၊ အပြင်သွားသွား လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်တယ်။ ကိုယ့်မိသားစု ပုံစံကိုလည်း လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေးလေးပဲ ဖြစ်စေချင်တာပါ။ အားလပ်ချိန်တွေမှာလည်း ဂိမ်းပဲဆော့တယ်၊ ပြီးရင် ကလေးနဲ့ဆော့တယ်၊ မိန်းမ နဲ့ မုန့်စားတယ် ဒါတွေက ကျွန်တော့် အလုပ်ပါပဲ။ ပြီးတော့ ကိုယ့်အလုပ်ရှိရင် ဒီ ၄ ခုကြားမှာ ဗျာများနေရတာပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Myint Myat

သရုပ်ဆောင်မြင့်မြတ်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူပါ။ COVID-19 ကြောင့် ရိုက်ကူးရေးတွေ ခဏနားထားရင်း မိသားစုကို အချိန်ပေးနေတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ ဒုတိယမြောက် ရင်သွေးလေးကို ဇနီးဖြစ်သူ မခင်သူအောင်က ကိုယ်ဝန်လွယ်ထားရပြီလို့ မြင့်မြတ်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က