နေပူတဲ့ ဒဏ်တွေကြောင့် ပိုနေမကောင်းဖြစ်ရတယ်။

ထက်ထက်မိုးဦးကတော့ ကျန်းမာရေး မကောင်းပေမယ့် အရင်က လှူဒါန်းခဲ့ဖူးတဲ့ နေရာတွေမှာ နောက်ထပ် အလှူ လုပ်ချင်တယ်လို့ ဆိုပါတယ်။ 

Photo: Pro Studio



သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ သူမရဲ့ ကျန်းမာရေးကြောင့် ဆေးတွေ သောက်နေရတယ်လို့ ဆိုပါတယ်။ ရာသီဥတုပူတဲ့ ဒဏ်တွေကြောင့် ကျန်းမာရေးက ပိုထိခိုက်တယ်လို့လည်း သူက ပြောပါတယ်။ 

"ရာသီဥတုကပူ လူကနေလို့မကောင်း ၊ ဆေး တစ်ခါသောက် တစ်ခါအန်ချင် တစ်ခါတလေကျ မြန်မြန်သာသေလိုက်ချင်ပါတယ်။ မသေခင်လေးတော့ ကိုယ်လှူခဲ့တဲ့ဘုန်းကြီးကျောင်း၊ရန်ကုန်မှာရယ်ထန်းမနိုင်ရွာကအစိုးရအထက်တန်းကျောင်းမှာထပ်ပြီးသွားလှူသွားကြည့်ချင်ပါသေးတယ်" လို့ မေလ (၁၆) ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦးဟာ ကျန်းမာရေးမကောင်းတဲ့ကြားက အနုပညာအလုပ်တွေကို တဖြည်းဖြည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ သူမဟာ မိသားစုတွေနဲ့ အတူ မိုးကုတ်မှာ နေထိုင်တာ ဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးကိုလည်း ပြည်ပမှာ ခွဲစိတ်မှုတွေ ပြုလုပ်တာထက် ပြည်တွင်းမှာပဲ ဆေးကုသမှုခံယူနေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ခွဲစိတ်မှုတွေ ခဏခဏ လုပ်ခဲ့ရတာတွေကြောင့်လည်း ထပ်ပြီးတော့ ခွဲစိတ်မှုတွေ မလုပ်ချင်တော့ဘူးလို့လည်း သူက ဆိုပါတယ်။ 

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က