သမီးတစ်ယောက်၊ သားတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ဖေဖေပါ။

အဆိုတော် မိုးမိုးကတော့ သမီးနဲ့ သားလေးတို့ရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သားလေးကတော့ အပူဒဏ်ခံနိုင်လို့ မင်းသားလုပ်လို့ရပြီလို့ ဆိုပါတယ်။

Photo: Moe Moe

မိုးမိုးတစ်ယောက် သူချစ်ရတဲ့ ဇနီး၊ သားနဲ့ သမီးလေးတို့နဲ့အတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ အပူဒဏ်ခံနိုင်တဲ့ သားလေးကတော့ မင်းသားလုပ်လို့ရပြီလို့လည်း စနောက်ရင်းပြောပြခဲ့ပါတယ်။

‘’သမီးကြီးကတော့ မင်းသမီးလုပ် မလုပ်တော့မသိ မိုးသားကတော့ အအေးကြောက်တယ်။ အပူဒဏ်ခံနိုင်တယ်ဆိုတော့ မြန်မာပြည်မှာ မင်းသားလုပ်လို့ရပြီ။ မီးပျက်လဲ ဒီကောင်က အေးဆေးပဲအိပ်တယ်။ ကိုယ်တွေကတော့ မရဘူး ပူတယ်။ အပူဒဏ်ခံနိုင်ရင် ကြိုက်တာဝတ် ပဲများလို့ရပြီ။ မင်းသားလုပ်လို့ရပြီ’’ ဆိုပြီးတော့ မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Moe Moe

အဆိုတော်မိုးမိုး နဲ့ မြတ်ပီတိမိုးတို့ရဲ့ သမီးလေး မိုးအိပ်မက်လွှာ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမီးလေးကိုတော့ ပရိသတ်တော်တော်များများက ဖေဖေ မိုးမိုးနဲ့ တူတယ်လို့ပြောကြတာကို တွေ့ရပါတယ်။ မိုးအိပ်မက်လွှာ လေးကတော့ အခုဆိုရင် ၆ လပြည့်တော့မှာဖြစ်ပါတယ်။

Photo: Moe Moe

သားငယ်လေးကိုတော့ အခုလက်ရှိမှာ ချစ်စနိုးနဲ့ မိုးသားလို့ နာမည်ပေးထားတာ တွေ့ရပါတယ်။ သားငယ်လေးကို မိုးမိုးရဲ့ ချစ်ဇနီးဖြစ်သူ မြတ်ပီတိမိုးကတော့ ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း သားလေးက ချစ်စရာလည်း ကောင်းသလို အမြဲတမ်း ပြုံးနေတတ်သူလေးဖြစ်ပါတယ်။

Photo: Moe Moe

မိုးမိုးမှာ ချစ်ရတဲ့ဇနီး မြတ်ပီတိမိုးနဲ့အတူ ချစ်ရတဲ့ သမီးလေးနဲ့ သားလေးတို့ကို ပိုင်ဆိုင်ထားပါတယ်။ သူ့ကတော့ တနင်္ဂနွေမိုးရေစက်များဆိုတဲ့ တေးစီးရီးကနေ ပရိသတ် အားပေးမှုအများကြီးရရှိခဲ့တာပါ။ ဖျော်ဖြေရေးတွေမှာ သီဆိုနေရသလို၊ Group Song အခွေတွေမှာလည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ ဝိတ်ချနေတယ်လို့ ပြောထားပါတယ်။

Share

Loading Next Article...
က္က