စကာၤပူဆိုက်ဘာလုံခြုံရေးပြိုင်ပွဲအတွက် လူရွေးချယ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့တဲ့ Myanmar Cyber Security Challenge 2019 ရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲနဲ့ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Photo: Mmcert



         ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပသွားခဲ့တဲ့ ဒီပြိုင်ပွဲမှာ တက္ကသိုလ်ကျောင်းပေါင်းစုံ အသီးသီးမှ အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် ၃ သင်းကို ဆုပေးခဲ့တာပါ။

         စုစုပေါင်း ရမှတ် ၁၂၆၅ မှတ် ရခဲ့တဲ့ Team 0xpwn ကို ပထမဆု ကျပ် ၁၅ သိန်း ၊ Corei5 Laptop တစ်လုံး ၊ ၉၆၃ မှတ် ရခဲ့တဲ့ Team Hera အသင်းကို ဒုတိယဆုအဖြစ် ကျပ် ၁၀ သိန်း နှင့် စမတ်ဖုန်းတစ်လုံး ၊ ရမှတ် ၈၁၂ မှတ်နဲ့တတိယဆုရ W.A.B (MGY) ကို ဆုငွေ ကျပ် ၇ သိန်းနဲ့တက်ဘလက် ၁ လုံးတို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးသာဦးမှ ဆုချီးမြှင့်ခဲ့ပါတယ်။

         စတုတ္ထအကြိမ်မြောက်ကို ရောက်ရှိလာပြီ ဖြစ်တဲ့ Myanmar Cyber Security Challenge 2019 ဟာ တက္ကသိုလ်ကျောင်းသားတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် ပြိုင်ပွဲအဖြစ် ပုံဖော်ခဲ့တာပါ။ ဒါ့အပြင် ဆုကြေးများကိုလည်း ယခင်နှစ်က ပထမဆု ၁၀ သိန်း ၊ ဒုတိယဆု ၇ သိန်းကျပ်နဲ့တတိယဆု ကျပ် ၅ သိန်း ချီးမြှင့်ရာကနေ အခုနှစ်မှာ ပိုပြီး တိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။

         ၂၀၁၉ ဆိုက်ဘာလုံခြုံရေး ပြိုင်ပွဲဟာ စကာၤပူဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို ဦးတည်ကျင်းပလိုက်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်တယ်လို့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က ပြောပါတယ်။

         " စကာၤပူမှာ ပြိုင်တဲ့ တက္ကသိုလ်အဆင့်ပြိုင်ပွဲကျတော့ အသက်ကန့်သတ်ချက်တွေ မရှိဘူးဗျ။ အဲ့ဒီပြိုင်ပွဲအတွက် ကျွန်တော်တို့က လူရွေးချယ်တာလည်း ပါတာပေါ့နော်"လို့သူက ဆိုပါတယ်။

Photo: Mmcert

         ပြီးခဲ့တဲ့နှစ် စကာၤပူမှာ ကျင်းပသွားတဲ့ ၉ ကြိမ်မြောက် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲမှာ အာဆီယံ ၁၀ နိုင်ငံမှ ပြိုင်ပွဲဝင် ၃၈ သင်း ပါဝင်ခဲ့ပြီး စကာၤပူမှ အဆင့် ၁ ၊ မြန်မာမှ အဆင့် ၂၁ ရရှိခဲ့တယ်လို့သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က