လေးဂိုးစီသရေကျခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ပွဲမှာတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ တစ်ဖက်လေးဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံးက ရှိတဲ့လူအင်အားကို အပြည့်အဝ ထုတ်သုံးခဲ့ကြပြီး ဂိုးတွေလည်း မြူးခဲ့ကြတာပါ။



ဦးဆောင်ဂိုးစရခဲ့တဲ့ အသင်းကတော့ မန်စီးတီးဖြစ်ပြီး ဟာလန်းကို ကူကူရယ်လာ ပင်နယ်တီဧရိယာထဲ ဆွဲလှဲခဲ့တာကြောင့် VAR က ပင်နယ်တီပေးခဲ့တာပါ။ ဒီပင်နယ်တီကို ဟာလန်းကိုယ်တိုင် အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး မန်စီးတီးတို့ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒါပေမယ့် ဒါက ကြာကြာမခံခဲ့ပါဘူး။
ထောင့်ကန်ဘောကတစ်ဆင့် သီယာဂိုဆေးလ်ဗားက ခေါင်းတိုက် ချေပခဲ့သလို ရီစီဂျိမ်းစ်ရဲ့ ဖန်တီးမှုကတစ်ဆင့် စတာလင်က ချဲလ်ဆီးအတွက် ပြန်လည်ဦးဆောင်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမပြီးခင်မှာတင် မန်စီးတီးတို့ ချေပဂိုးရခဲ့ပြီး အကန်ဂျီက ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။
ပထမပိုင်းမှာတင် တစ်ဖက်နှစ်ဂိုးစီသရေကျနေတဲ့ ဒီပွဲက ဒုတိယပိုင်းမှာလည်း သွင်းဂိုးတွေ ဆက်မြူးခဲ့ပါတယ်။ ဟာလန်းက ဒုတိယပိုင်းအစမှာ ဦးဆောင်ဂိုး ပြန်သွင်းခဲ့သလို နီကိုးလပ်စ်ဂျက်ဆင်ကလည်း ဒါကို ပြန်လည်ချေပခဲ့ပါတယ်။
အဲ့ဒီနောက် ပွဲပြီးခါနီးမှာ ရိုဒရီရဲ့ ကန်ချက် သီယာဂိုဆေးလ်ဗားနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာကြောင့် မန်စီးတီးတို့ အနိုင်ရပြီ ထင်မှတ်ခဲ့ကြပေမယ့် အချိန်ပိုမှာ ဘရိုဂျာကို ဒီယက်စ် ပြစ်ဒဏ်ကျူးလွန်မိလို့ ချဲလ်ဆီးတို့ ပင်နယ်တီပြန်ရခဲ့ပါတယ်။ ဒီပင်နယ်တီကို ကိုးလ်ပါးမား အမှားအယွင်းမရှိ ကန်သွင်းခဲ့တာကြောင့် ပွဲအပြီးမှာတော့ တစ်ဖက်လေးဂိုးစီသရေနဲ့အတူ သရေတစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

Share

Loading Next Article...
က္က