အသင်းသားတွေကို ဂွါဒီယိုလာက သတိပေးခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အသင်းအနေနဲ့ ဒီကနေ့ညမှာ ကစားမယ့် စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့မှာ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားဖို့ လိုအပ်တဲ့အကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။



မန်စီးတီးဟာ ပထမအကျော့ ပေါ်တူဂီမြေမှာတုန်းက စပို့တင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်တက်ဖို့ သေချာသလောက်ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယအကျော့အတွက် မန်စီးတီးနောက်တန်းမှာ ရူဘင်ဒီယက်စ်၊ အကီတို့ ဒဏ်ရာရနေသလို ကန်ဆယ်လိုကလည်း ဖျားနာနေတာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် ကစားသမားအင်အားကလည်း (၁၄) ယောက်ပဲရှိတယ်လို့ ဂွါဒီယိုလာကဆိုထားပါတယ်။ ဂွါဒီယိုလာက “ကစားသမားတွေသာ အပြည့်အဝအာရုံမစိုက်ဘူးဆိုရင် ကျနော်တို့ ပြဿနာတက်သွားနိုင်ပါတယ်။ ဒါက ကျနော်တို့ အလုပ်၊ ကျနော်တို့ရဲ့ တာဝန်ပါ။ ကျနော်တို့ ပုံစံကောင်းပြရင်ပြ ဒါမှမဟုတ်ရင်တော့ အခြေအနေဆိုးသွားနိုင်ပါတယ်”

“တူညီတဲ့တန်ဖိုးကို ပေးဆပ်ရမှာပါ။ လျှော့စျေးဆိုတာ မရှိပါဘူး။ လုပ်နိုင်တာ အကုန်လုပ်ရပါမယ်။ ဥပမာပြောရရင် ယူနိုက်တက်ကို နိုင်တဲ့ပွဲက ဒုတိယပိုင်းခြေစွမ်းလိုမျိုးကို ကျနော် တောင်းဆိုနေတာ မဟုတ်ဘူးနော်။ ဘောလုံးက အမြဲတမ်းဒါမျိုးမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကြိုးစားရပါမယ်။ ဒါပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကစားသမားအင်အားအပေါ်မှာလည်း ဂွါဒီယိုလာက “ကျနော်တို့မှာ ကစားသမား အများကြီးမရှိပါဘူး။ (၁၄) ယောက်ပဲရှိပါတယ်။ အကီက ကစားနိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်များလွန်းပါတယ်။ ဒီယက်စ်ကတော့ နားရဦးမှာပါ။ နောက်ထပ်ဗဟိုနောက်ခံလူကို ကျနော်တို့ မစွန့်စားခိုင်းနိုင်ပါဘူး”

“နောက်ပြီး ဝေါ်လ်ကာနဲ့ကန်ဆယ်လိုတို့လည်း မကစားနိုင်ပါဘူး။ ပထမအကျော့က ငါးဂိုးပြတ်နဲ့ နိုင်တယ်ဆိုပေမယ့် ဘာမှမပြီးသေးပါဘူး။ ဘောလုံးဆိုတာ ခန့်မှန်းလို့မရဘူးလေ။ အနီကတ်တွေရှိနိုင်တယ်၊ ပြိုင်ဘက်ရဲ့အရည်အသွေးတွေလည်းရှိပါသေးတယ်။ တတ်နိုင်သလောက် အကောင်းဆုံးလူစာရင်းကို ထုတ်ပြီး အနိုင်ကစားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က