ဝီစကီအိုလံပစ်ပြိုင်ပွဲလို့ တင်စားကြတဲ့ အပြည်ပြည်ဆိုင်ရာဝီစကီပြိုင်ပွဲမှာ ရရှိခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာဝီစကီပြိုင်ပွဲတွေမှာ ဆယ်စုနှစ်ကျော် တာဝန်ယူခဲ့ပြီး အရသာထူးကဲတဲ့ အရည်အသွေးမြင့်ဝီစကီတွေကို မြည်းစမ်းသုံးသပ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေက အကဲဖြတ်အမှတ်ပေးခဲ့တာပါ။ Grand Royal Special Reserve ဝီစကီကို ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့်ဝီစကီအဖြစ် အခုလို ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတံဆိပ်ကို ရရှိခဲ့တာက မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ 

 

Grand Royal Special Reserve ကို အရည်အသွေးကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အချိုးကျပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ အနံ့အရသာနဲ့ ပြည့်စုံပြီး ရွှေလိုအရောင်အဆင်းရှိတဲ့ နိုင်ငံတကာအရည်အသွေးမီ မြန်မာ့အကောင်းဆုံးဝီစကီဖြစ်ပါတယ်။ စကော့တလန်က အတွေ့အကြုံရင့် ဝီစကီကျွမ်းကျင်ပညာရှင်က စကော့မုယောစပါးဝီစကီ ၁၆ မျိုးနဲ့ မြန်မာနိုင်ငံက မုယောစပါးဝီစကီတို့ကို အချိုးညီရောစပ်ဖန်တီးပေးထားတာပါ။ အမေရိကန်ဝက်သစ်ချသားရနံ့နဲ့ နူးညံ့တဲ့မီးခိုးရနံ့တွေက ဝီစကီရဲ့ ထူးခြားတဲ့စွဲထင်ကျန်ရစ်မှုကို ပေးစွမ်းနိုင်ပါတယ်။ 

 

Grand Royal Special Reserve ဝီစကီရဲ့ အရည်အသွေးကောင်းမွန်မှုကြောင့်လည်း နိုင်ငံတကာကနေ ဆုတံဆိပ်ပေါင်း ၃၂ ခုနဲ့အထက် ဆွတ်ခူးထားပြီးဖြစ်ပါတယ်။ မြန်မာ့အကောင်းဆုံးဝီစကီရဲ့ တမူထူးခြားတဲ့အရသာ၊ အထိအတွေ့တွေက ထုတ်လုပ်ဖန်တီးသူရဲ့ ကျွမ်းကျင်တတ်မြောက်မှုကို ထင်ဟပ်စေပြီး နိုင်ငံတကာစင်မြင့်ထက်မှာ ထိပ်တန်းအဆင့်၊ ရှေ့တန်းကနေ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ 

 

ဒါကြောင့်လည်း ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဝီစကီပြိုင်ပွဲမှာ Grand Royal Special Reserve က Best In Myanmar မြန်မာ့အကောင်းဆုံးဝီစကီဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဝီစကီရဲ့အရည်အသွေးကို ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကတော့ ဝီစကီအိုလံပစ်လို့တောင် တင်စားခေါ်ဝေါ်တဲ့ပြိုင်ပွဲကြီးဖြစ်ပြီး အခုလိုမျိုး ဆုတံဆိပ်ရရှိမှုက အမှန်တကယ်ကို ဂုဏ်ယူဖွယ်ရာပဲဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က