၂၀၂၁ခုနှစ် ဟာ အခြေအနေအမျိုးမျိုးကြောင့် လူတွေရဲ့စိတ်ရော၊ ကိုယ်ပါ ထိလွယ်ရှလွယ် ဖြစ်နေခဲ့တဲ့ ကာလတစ်ခုလို့ဆိုရမှာပါ။ လူငယ်တွေလည်းလမ်းစပျောက်ပြီး မျှော်လင့်ချက်မဲခဲ့တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရတယ်လို့ဆိုလည်းမမှားပါဘူး။ ဘဝတူအခြေအနေ ကို ခံစားနေရမယ့် လူငယ်တွေအတွက်လည်း သရုပ်ဆောင်အဆိုတော် သက်ဆုနဒီက အခုလို အကြံပြုစကားဆိုခဲ့ပါတယ်။
"အခုကာလမှာ ကိုယ်တိုင်လည်း လမ်းပျောက်သလိုဖြစ်နေတော့ အခြားဘာမှ တော့မလုပ်ဖြစ်ဘူးပေါ့နော်။ Depression အဆင့်ထိ မရောက်ပေမယ့် အတော်လေးတော့စိတ်ကျတာ ခံစားရတယ်။ ဖေဖော်ဝါရီအစကတည်းက ပြောရရင် ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေကိုအားနာလို့Personal Development နဲ့ပတ်သက်တာဘာမှ မလုပ်နိုင်ခဲ့ဘူး။ပုံရိုက်တာတောင် မလုပ်ဖြစ်တော့တာကြာပြီ။ အနုပညာပြန်လုပ်မယ်ဆို ပြီး စီစဉ်ထားတာပါအကုန်မလုပ်ဖြစ်တော့ဘူး။ဆိုတော့အားလုံးလည်း အခုလိုပဲခံစားနေရမှာဆိုတော့ သက်ဆုလုပ်ဖြစ်တာလေး မျှေ၀ ပေးရမယ်ဆိုရင် ..
မွန်းကြပ်တဲ့စိတ်အခြေအနေတစ်ခုကို သူငယ်ချင်းအပေါင်းအသင်းဆီမှာ ဖွင့်ထုတ်ပါ
အကြံပြုစကားဆိုရင်တော့ဖြစ်နိုင်ရင် မွန်းကြပ်တဲ့ခံစားချက်တွေကို မြိုသိပ်မထားဘဲ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ပြောပါ။အကုန်လုံးက အခုချိန်မှာထိရှလွယ်တဲ့ အချိန်တွေ ဖြတ်သန်းနေရတော့ ပိုဆိုးတာပေ့ါနော်။ ကိုယ်ကူညီနိုင်သလောက်ကူညီမယ်။ စိတ်ကိုတတ်နိုင်သလောက်ရှင်းရှင်းထားမယ်။ အတတ်နိုင်ဆုံးအကောင်းတွေးပေးပြီး ဖြတ်သန်းကြမယ်။
Photo: Thet Su Nady Facebook
တရားထိုင်ပေးခြင်းကလည်းစိတ်ထွက်ပေါက်တစ်ခု
Healing အနေနဲ့ဆို Chakra Cleansing meditation လေးကို Try ကြည့်တယ်။ Crystals လေးတွေ လိုက်ကြည့်တယ်။အဆင်ပြေတဲ့တစ်ရက်ကို တရားစခန်းဝင်ဖြစ်တယ်။Yoga နည်းနည်းဆော့တယ်။ ဇာတ်ကားတွေကြည့်ပေးတာလည်း စိတ်ထွက်ပေါက်တစ်ခုပဲ။ သက်ဆုဆို Running Man အပိုင်းဟောင်းတွေနဲ့ Hometown Cha Cha Cha ကြည့်တယ်။
ကိုယ်နဲ့သင့်လျော်မယ့် အားကစားတစ်ခုခုလုပ်ပါ
"နောက်တစ်ခုက စိတ်မွန်းကြပ်လာရင် ပြေးတာတို့ အားကစားလုပ်တာတို့ အကြောလျှော့တာပေးတွ လုပ်ပေးသင့်တယ်။ တရားထိုင်တာကလည်းတစ်နေ့ ၁၅မိနစ်လောက်ပေါ့နော်။ တရားမထိုင်ချင်ရင် ဘာသာအလိုက်ဂုဏ်တော်ပွားတာ တို့ဘာတို့လုပ်ရင် စိတ်ကသက်သာရာရတယ်။နောက်ကိုယ့်မှာ Good Energy ရှိမှ ကိုယ်ကလည်းသူများကို ပြန်ကူညီနိုင်မှာလေနော်။သက်ဆုဆိုအရင်က အခုလောက် စိတ်မတိုဘူး။ခုဆို အားနေဆဲချင်နေတာ။အဲ့အခါကျ Social Media ကလည်း မခွာနိုင် သူများကိုပိုအပြစ်မြင်ပြီး စိတ်ကပိုညစ်လာတာပေါ့။ သတိထားပြီး လျှော့ရတာပေါ့။မိန်းကလေးတွေကျတော့ Period အချိန်ဆိုစိတ်ပိုနုတယ်။ အဲ့ကာလဆို အတတ်နိုင်ဆုံး စိတ်ပျော်စေမယ့် ရုပ်ရှင်လေးကြည့် သီချင်းနားထောင်ပြီး နေရတယ်။ပြီးရင် စိတ်မကောင်းပြန်ဖြစ်ရော၊ ကူနိုင်တာလေးကူပြီး ပြန်အားတင်းပေါ့လို့ "သက်ဆုနဒီက အကြံပေးခဲ့ပါတယ်။