အိုနာနာက သူ့ကိုပါ အပြစ်တင်ဖို့ ပြောသွားခဲ့တာပါ။

ယူနိုက်တက် ဂိုးသမား အိုနာနာက ပရိသတ်တွေအနေနဲ့ သူအပါအဝင် ဘရူနိုဖာနန်ဒက်စ်၊ ကက်စ်မဲရိုး၊ မက်ဂွိုင်းရားတို့ကိုသာ ပရိသတ်တွေ အပြစ်တင်သင့်ကြောင်း ပြောကြားလာပါတယ်။ ယူနိုက်တက်ဟာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရပ်တည်မှုနဲ့ ပရီးမီးယားလိဂ်ရာသီကို ကုန်ဆုံးခဲ့တာပါ။



အဆင့် (၈) နေရာနဲ့ ရာသီကုန်သွားတာက ယူနိုက်တက်သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရပ်တည်မှုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဂိုးကွာခြားချက်ကလည်း အနှုတ်ပြခဲ့ပြီး ပရိသတ်တွေအတွက် စိတ်ပျက်စရာကောင်းတဲ့ ရာသီတစ်ခုဖြစ်ခဲ့တာပါ။

အက်ဖ်အေဖလားဖိုင်နယ်မှာ မန်စီးတီးနဲ့ ကစားဖို့ ကျန်သေးသည့်တိုင် ယူနိုက်တက်အတွက်ကတော့ ဆိုးရွားတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အိုနာနာက “ကျွန်တော့်အတွက်ကတော့ ဝေဖန်ပြစ်တင်မှုတွေကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီအသင်းကို ရောက်လာတာ ဒါတွေကို အများကြီး ရင်ဆိုင်ဖို့ပါ”

“ဘာကြောင့်လဲဆိုတော့ အသင်းက တည်ဆောက်ဆဲဖြစ်ပြီး လက်ရှိအခိုက်အတန့်မှာ အကောင်းဆုံး အနေအထားမျိုးမှာ မရှိနေပါဘူး။ အခြားအသင်းတွေက ကျွန်တော်တို့ထက် ပိုကောင်းတာကို အရိုးသားဆုံး လက်ခံရမှာပါ။ တကယ်လို့ အခြေအနေတွေက ပိုပိုဆိုးလာခဲ့ရင်တောင်မှ လူငယ်ကစားသမားတွေကို အပြစ်မတင်ကြပါနဲ့”

“ဝေဖန်မှုတွေကို လက်ခံဖို့ ဒီမှာ ကျွန်တော် ရှိနေပါတယ်။ ဘရူနိုဖာနန်ဒက်စ်၊ ကက်စ်မဲရိုးနဲ့ မက်ဂွိုင်းရားတို့ ရှိပါတယ်။ ကျွန်တော်တို့က ဒါတွေနဲ့ အသားကျနေပြီးသားပါ။ ကျွန်တော်တို့က တစ်လှေတည်းစီနေရတဲ့သူတွေပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က