ကမ္ဘာကို 3D မြေပုံတွေအဖြစ် ဖန်တီးမယ့် Live Maps ဆိုတဲ့ ပရောဂျက်တစ်ခုကို Facebook ကြေညာထားပါတယ်။
Oculus Connect နာမည်နဲ့စက်တင်ဘာ ၂၅ ရက်နေ့က ကျင်းပသွားတဲ့ Developer Conference ပွဲမှာ Facebook ရဲ့ VR အကြီးအကဲ အန်ဒရူး ဘော့စ်ဝေါ့မှ ကုမ္ပဏီအနေနဲ့နမူနာအမျိုးအစား AR မျက်မှန်အနည်းငယ် ထုတ်ထားတယ်လို့ဆိုပါတယ်။ Facebook Reality Labs ကနေ စတင်နေတဲ့ Live Maps ဟာ machine vision နည်းပညာကို သုံးပြီး ကမ္ဘာကို ပုံရိပ်ယောင်မြေပုံအဖြစ် ဖန်တီးသွားမယ်လို့Engadget သတင်းက ဖော်ပြထားပါတယ်။
Live Maps အတွက် တည်နေရာပြမှုနဲ့ အင်တာနက်ကနေ အချက်အလက်မြေပုံရှာတဲ့ နည်းပညာများလည်း သုံးသွားမှာပါ။ Facebook ဟာ Live Maps တည်ဆောက်ဖို့ကုမ္ပဏီရဲ့ users သန်း ၂၄၀၀ ဆီက အချက်အလက်တွေ သုံးစွဲသွားဖို့လည်း ရှိပါတယ်။ ကိုယ်ရောက်နေတဲ့ နေရာကို geotag တွဲထားတဲ့ ပုံတွေကနေ တည်နေရာနဲ့အရာဝတ္ထုတွေအတွက် dataset တွေ ဆွဲယူပြီး တိကျတဲ့ virtual မြေပုံတစ်ခု ဖန်တီးသွားမှာပါ။
Facebook Reality Labs ကနေ တင်ထားတဲ့ ဗွီဒီယိုအရ Live Maps ပရောဂျက်မှာ သုံးမယ့် AR Headset နဲ့မျက်မှန်တွေဟာ multi-layer အလွှာအထပ်ထပ် ဖော်ပြမှုလုပ်သွားမယ်လို့ဆိုပါတယ်။ စမတ်ဖုန်းနဲ့AR မျက်မှန်တွေဟာ ပတ်ပတ်လည် မြင်ကွင်းကို Scan ဖတ်ပြီး Live Dynamic အညွှန်းကိန်းတစ်ခု ဖန်တီးသွားမှာပါ။ ဒီနည်းနဲ့မြေပုံပေါ်က တည်နေရာတွေ ပြောင်းလဲသွားတာနဲ့အလိုအလျောက် တည်နေရာ update ပြောင်းပေးသွားနိုင်မှာ ဖြစ်ပါတယ်။
Photo: universmartphone
3D Maps တွေအဖြစ် ပုံရိပ်ယောင် တယ်လီပေးပို့မှု စွမ်းရည် ပါရှိပြီး သုံးစွဲသူတွေကို အနီးအနားက အရာဝတ္ထုတွေနဲ့နေရာတွေအကြောင်း အချက်အလက်တွေ ပေးမယ့် အကူနည်းပညာပါဝင်လာဖိုု့Facebook က မျှော်မှန်းထားတာပါ။ Facebook ရဲ့ Live Maps ဟာ ပါးလွှာတဲ့ လေထုထဲမှာ noti တွေကို projector တစ်ခုလို ထိုးပြတာ ၊ အရာဝတ္ထုတွေကို သူ့labels နဲ့သူ ဖော်ပြတာနဲ့holographic ပုံစံတွေအထိ ပြသသွားတော့မှာ ဖြစ်ပါတယ်။
Live Maps နဲ့Facebook ရဲ့ AR မျှော်မှန်းချက်တွေဟာ အနာဂါတ်တစ်ခုမှာ ဖြစ်နိုင်ခြေရှိလာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။