စားသုံးသူပြည်သူများကိုအသိပညာပေးရန်ရည်ရွယ်ကာ ဟောပြောဆွေးနွေးပွဲများ၊ ဂိမ်းအစီအစဉ်များ၊ နှင့်ဖျော်ဖြေရေးအစီအစဉ်များစွာနဲ့တင်ဆက်သွားခဲ့ပါတယ်

စားသုံးသူပြည်သူများကိုအသိပညာပေးရန်ရည်ရွယ်ကာ ဟောပြောဆွေးနွေးပွဲများ၊ ဂိမ်းအစီအစဉ်များ၊ နှင့်ဖျော်ဖြေရေးအစီအစဉ်များစွာနဲ့တင်ဆက်သွားခဲ့ပါတယ်

ကမ္ဘာ့ထိပ်တန်း စားသောက်ကုန် ထုတ်လုပ်ရေးဆိုင်ရာနည်းပညာနှင့် ထုပ်လုပ်ထုပ်ပိုးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Tetra Pak ကနေပြီး အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးနဲ့ စက္ကူဘူးခွံနဲ့ထုပ်ပိုးထားတဲ့ UHT (Ultra High Temperature) နို့နှင့်နို့ထွက်ထုတ်ကုန် အကျိုးကျေးဇူးတွေကို စားသုံးသူတွေ ပိုမိုသိရှိနားလည်စေဖို့ရည်ရွယ်ကာ မြန်မာနိုင်ငံမှာ ‘Protects What’s Good’ campaign ကိုပြုလုပ်ခဲ့ပါတယ် ။

ဖေဖော်ဝါရီ၊ ၂၄ ရက်နေ့မှာတော့ ‘Protects What’s Good with Tetra Pak' ပွဲအား ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley မှာကျင်းပခဲ့ပြီး စားသုံးသူများပါဝင်ဆင်နွှဲနိုင်တဲ့ ဆွေးနွေးပွဲများ၊ နွေးပွဲများ၊ ဂိမ်းအစီအစဉ်များ၊ ဖျော်ဖြေပွဲများ နဲ့ မိသားစုများပါဝင်ယှဉ်ပြိုင်နိုင်မယ့် လှုပ်ရှားမှုများစွာကို စီစဉ်ပြုလုပ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ အဆိုပါ Tetra Pak consumer ပွဲတော်အား ‘Protects What’s Good’ campaign ရဲ့အဓိကတင်ဆက်သူ နာမည်ကြီး ဆရာဝန်အဆိုတော် ချစ်သုဝေ၊ အာဟာရ ပညာရှင် ဒေါက်တာဝင်းဝင်းမြင့်၊ Tetra Pak Myanmar ၏ Key Account Director Mr. CheeChoy Tang တို့မှဟောပြောဆွေးနွေးပွဲအစီအစဉ်ဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ကာ UHT စက္ကူဘူးနဲ့ထုတ်ပိုးထားတဲ့ နို့နှင့်နို့ထွက်ထုတ်ကုန်များဟာ မြန်မာကလေးငယ်များရဲ့ ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအဆင့်တိုင်းအတွက် ပံ့ပိုးကူညီပေးကြောင်းကို ဆွေးနွေးတင်ပြသွားခဲ့ပါတယ်။

"အသက် ၅နှစ်အရွယ်ကလေးငယ် သုံးဦးလျှင် တစ်ဦးနှုန်းနဲ့ အာဟာရချို့တဲ့မှုခံစားနေရတဲ့ မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ ကုန်ကြမ်းတွေနှင့် စနစ်တကျထုပ်ပိုးမှုတွေပြုလုပ်ထားတဲ့ အစားအသောက်တွေကို ရွေးချယ်ဖို့အထူးလိုအပ်နေပါတယ်။ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးဟာ ကျန်းမာပျော်ရွှင်တဲ့ မျိုးဆက်သစ်ကလေးငယ်များကို ပြုစုပျိုးထောင်ရာမှာ အရေးပါတဲ့ကဏ္ဍမှပါဝင်ပြီး၊ Tetra Pak စက္ကူဘူးခွံအသုံးပြုထားတဲ့ UHT နို့နှင့်နို့ထွက်ထုတ်ကုန်များကို နိုင်ငံတစ်ဝှမ်းတွင် အလွယ်တကူ ဝယ်ယူတိုက်ကျွေးနိုင်ပြီဖြစ်တဲ့အတွက် ဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ ‘Protects What’s Good with Tetra Pak’ ပွဲတော်မှာ ကျွန်တော်တို့ရဲ့ စားသုံးသူတွေပါဝင်ဆင်နွှဲနိုင်မယ့် ပျော်ရွှင်စရာ ဖျော်ဖြေတင်ဆက်မှုတွေကိုပြုလုပ်ပေးသွားမှာဖြစ်ပြီး ၎င်းထုတ်ကုန်တွေရဲ့ အကျိုးကျေးဇူးများစွာကို မျှဝေပေးမှာဖြစ်တဲ့ပြင် အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာပေးနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။" လို့ Tetra Pak Myanmar ၏ Key Account Director ဖြစ်သူ Mr. CheeChoy Tang ကပြောကြားခဲ့ပါတယ်။


စားအသောက်ထုတ်လုပ်တဲ့ ပတ်ဝန်းကျင်ကောင်းမွန်ခြင်း၊ သောက်သုံးရေရှိခြင်း နှင့် သန့်ရှင်းကောင်းမွန်တဲ့ ကုန်စုံဆိုင်များရှိခြင်းတို့ကို အဓိက မှတ်တမ်းတင်အကဲဖြတ်တဲ့ Economist Intelligence Unit ရဲ့ Global Food Security Index စစ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှာ မြန်မာနိုင်ငံဟာ အစားအသောက်အရည်အသွေးနှင့် ဘေးဥပါဒ်ကင်းရှင်းမှု၌ အဆင့် ၈၂ ရရှိရာ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းမှုကို ပိုမိုအလေးထားရန်လိုအပ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

"တစ်ခါတလေမှာ "ဘေးဥပါဒ်ကင်းစင်တဲ့အစားအစာ" တစ်ခုကို အလွယ်တကူရွေးချယ်ဝယ်ယူဖို့ မလွယ်ကူတာကြောင့် ကျွန်မတို့ရဲ့ကလေးတွေကို ကျန်းမာရေးထိခိုက်စေတဲ့အစားအသောက်တွေ ကျွေးမိကြပါတယ်။ ဒီအစားအစာတွေကို စနစ်တကျမထုတ်လုပ်ထားတာ၊ စားသောက်ကုန်အတုများထုတ်လုပ်ထားတာတွေ၊ သို့မဟုတ် မလုံမခြုံထုတ်ပိုးထားတာမျိုးတွေကြောင့် ဆိုးကျိုးများဖြစ်စေနိုင်ပါတယ်။ မိခင်တစ်ယောက်အနေနှင့်၊ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းမှုဟာ ကလေးတွေရဲ့ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ခံယူထားပါတယ်။ Tetra Pak ရဲ့ UHT နည်းပညာနှင့် ထုပ်ပိုးထုတ်လုပ်ထားတဲ့ နို့နှင့်နို့ထွက် ထုတ်ကုန်တွေဟာ တာရှည်ခံနည်းပညာ တွေမလိုအပ်ဘဲ လပေါင်းများစွာအထားခံတယ်လို့သိရပါတယ်။ဒါကြောင့်လည်း Tetra Pak ကုန်အမှတ်တံဆိပ်တွေဟာ ကောင်းမွန်တဲ့အာဟာရဓာတ်တွေကို ကာကွယ်ထိန်းသိမ်းပေးထားနိုင်တယ် ဆိုတာလည်း အသေအချာပါပဲ။ ကျွန်မဝယ်ယူတဲ့ UHT နို့နှင့်နို့ထွက်ထုတ်ကုန်တွေမှာ Tetra Pak တံဆိပ်ကိုတွေ့လိုက်တာနဲ့ ဒီထုတ်ကုန်တွေဟာ ကိုယ့်ရဲ့ ကလေးတွေအတွက် ဘေးဥပါဒ်ကင်းရှင်းပြီး အဓိကအရေးပါတဲ့အာဟာရဓာတ်တွေ အားလုံးပါရှိနေမယ်ဆိုတာကို တန်းသိလိုက်ရပါတယ်။" လို့ ဆရာဝန်တစ်ယောက်လည်းဖြစ်၊ မိခင်တစ်ယောက်လည်းဖြစ်သူ Tetra Pak Myanmar ရဲ့ brand endorser ချစ်သုဝေမှ ပြောကြားခဲ့ပါတယ်။

"အစားအသောက်များပုပ်သိုးခြင်းကြောင့် ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နှင့် ကပ်ပါးကောင်များဟာ အစားအသောက်များတွင် ကပ်ပါနေနိုင်ပြီး၊ ယင်းတို့ကို စားသုံးမိရာမှ ဖျားနာခြင်းကိုခံစားရနိုုင်ပါတယ်။ ဒါကြောင့် စားသုံးသူတွေအနေနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။ ဒီဆိုးကျိုးများကြောင့် အူလမ်းကြောင်းရောဂါများအပြင် ကလေးငယ်များရဲ့ ဖွံ့ဖြိုးကြီးထွားမှုနှုန်းကိုပါ ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အစားအသောက် အရည်အသွေးကောင်းမွန်မှု နှင့် ဘေးဥပါဒ်ကင်းရှင်းမှု၊ ကလေးငယ်များကျန်းမာရေး၊ နောက်ပြီး သူတို့စားသုံးတဲ့အစားအစာတွေဟာ ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ အလေးထားဂရုစိုက်ရမယ့် အရာတွေဖြစ်ပါတယ်။"လို့ အာဟာရ ပညာရှင် ဒေါက်တာဝင်းဝင်းမြင့်ကလည်း ပြောကြားခဲ့ပါတယ်။

ဆွီဒင်နိုင်ငံမှာစတင်တည်ထောင်ခဲ့တဲ့ Tetra Pak ဟာယခုနှစ်ပိုင်းမှာ အစားအစာဘေးဥပါဒ်ကင်းရှင်းစေရေးနှင့်ပတ်သက်၍ အသိပညာပေးလှုပ်ရှားမှုများကို စဉ်ဆက်မပြတ်ပြုလုပ်ပေးနေပြီး၊ မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချရပြီး အရည်အသွေး ပြည့်မီတဲ့အစားအသောက်များကို ထုတ်လုပ်ခြင်း၊ အစားအသောက်ဝန်ဆောင်မှုများပေးခြင်း၊ အရသာနှင့် အာဟာရဓာတ်များ ပြည့်စုံကောင်းမွန်စွာပါဝင်စေရန် စက္ကူဘူးများဖြင့်ထုပ်ပိုးထားတဲ့ ယုံကြည်စိတ်ချရသော UHT နို့နှင့်နို့ထွက်ထုတ်ကုန်များကို ထုတ်လုပ်ပေးခြင်းတို့ကိုပြုလုပ်ပေးလျက်ရှိပါတယ်။ UHT နှင့် ဘတ်တီးရီးယား ပိုးမွှားကင်းရှင်းသည့် ထုပ်ပိုးမှုနည်းပညာကြောင့်၊ ထုတ်ကုန်တွေဟာ ပိုးမွှားကင်းစင်စေပြီး အအေးခန်းမှာသိမ်းဆည်းရန် မလိုဘဲ အဓိကအရေးကြီးတဲ့ အာဟာရဓာတ်တွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။

Tetra Pak ဟာ၎င်းရဲ့ စီးပွားမိတ်ဖက်များဖြစ်တဲ့ နာမည်ကျော် နို့နှင့်နို့ထွက်ပစ္စည်းတံဆိပ်များဖြစ်သော - Vito, MILO, Dutch Mill, Chokchai Farm, Ovaltine, Lactasoy, Abevia, PEP, Marigold နှင့် Cowhead တို့နှင့် ပူးပေါင်းကာ စားသုံးသူများပါဝင်ဆင်နွှဲနိုင်စေမယ့်ဗဟုသုတရဖွယ် ပျော်ရွှင်စရာပွဲများကို ကျင်းပပြုလုပ်ပေးနေပြီး၊ Tetra Pak Myanmar Facebook စာမျက်နှာမှာလည်း စိတ်ဝင်စားဖွယ်အကြောင်းအရာများကို မျှဝေတင်ဆက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ Tetra Pak ကို ရန်ကုန်မြို့၌ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ပြီး ၂၀၂၀ခုနှစ်မတိုင်မီ ပိုးမွားကင်းစင်သည့် စက္ကူဘူးခွံ ၃၀၀ မီလီယံအား ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

TetraPak မြန်မာနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုုပါက www.tetrapak.com/th/about/myanmar မှာ ဝင်ရောက်လေ့လာ နိုုင်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က