Gym မဆော့တာတောင်ကြာပြီ။

အလုပ်တွေ အရမ်းများနေတဲ့ နိုင်းနိုင်း တစ်ယောက် အားကစားပုံမှန်မလုပ်ဖြစ်တာ ကြာပြီလို့ ဆိုပါတယ်။ အခုလက်ရှိမှာလည်း ဒုဌဝတီကို လွန်၍ ရုပ်ရှင်ဇာတ်ကားကို စင်ကာပူက ပရိသတ်တွေအတွက် သွားရောက်ပြသနေတယ်လို့ သိရပါတယ်။

 

သရုပ်ဆောင် နိုင်းနိုင်းက လက်ရှိမှာ ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသမှာ ဖြစ်တဲ့အတွက် စင်ကာပူနိုင်ငံက မြန်မာပရိသတ် တွေနဲ့ တွေ့ဆုံဖို့  စင်ကာပူနိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။ အနုပညာ အလုပ် တွေ ဆက်တိုက်ဆောင်ရွက်နေရတာကြောင့် လေ့ကျင့်ခန်းတွေလည်း ပုံမှန်မလုပ်ဖြစ်ဘူး ဆိုပြီးတော့လည်း Duwun Media ကို ပြောပြခဲ့ပါတယ်။

'' ကျွန်တော် Gym မဆော့ဖြစ်တာ တော်တော်ကြာပြီ။ လက်ရှိရိုက်နေတဲ့ ဇာတ်ကားက Pre Production လုပ်နေတဲ့ အချိန်က စပြီးတော့ မကစားဖြစ်တော့ဘူး။ ၃ လ၊ ၄ လ လောက်ရှိပြီ။ အစားအသောက်နဲ့ ထိန်းတာပေါ့၊ ဒါပေမယ့် ကိုယ့်ကို ခန္ဓာကိုယ် ဝစေမယ့် အစားအသောက် မျိုးတွေတော့ ရှောင်ဖြစ်တယ်'' လို့ ဆိုပါတယ်။

 

နိုင်းနိုင်းဟာ သူ့ရဲ့ ဒီလိုခန္ဓာကိုယ်အချိုးအစားရဖို့က ဝိတ်တုန်းမတဲ့ အလေးချိန်နဲ့တော့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဇာတ်ကားရိုက်ကူးတဲ့အခါမှာ လိုအပ်လာပြီဆိုရင်တော့ ဒါရိုက်တာလိုချင်တဲ့ ခန္ဓာကိုယ်မျိုးရအောင် ကြိုးစားတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' လေ့ကျင့်ခန်းကတော့ အခုထိ ဝိတ်တုံးကို မမြင်ရတာ တော်တော်ကြာပြီ။ လုံးဝ မ မတော့ဘူး၊ ဝိတ်တုန်းမတဲ့ အလေးချိန်နဲ့တော့ မဆိုင်ပါ ဘူး။ ပုံမှန်ဆော့နေကြ ဝိတ်တုန်းလောက်ပဲ မ ဖြစ်တာ များပါတယ်။ တကယ်လို့ ကာရိုက်တာအတွက် ကြွက်သားတွေ ကြီးဖို့ လိုအပ်တယ် ဆိုရင်တော့ ပိုဆော့ရမှာပေါ့'' လို့ သဘောကျရယ်မောရင်းပြောပြခဲ့တာပါ။

New York မှာမိသားစုနဲ့အတူ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ နိုင်းနိုင်း 

 

လူမှုကွန်ယက် စာမျက်နှာတွေမှာဆို Gym ဆော့တဲ့ သူတိုင်းက ခြောက်သွားတတ်ကြတယ်ဆိုတာကို ဝေဖန်ပြောဆိုနေကြတဲ့အပေါ် နိုင်းနိုင်း က အခုလိုပြောပြလာပါတယ်။ တကယ်ကို ချစ်စရာကောင်းအောင် ပြောတတ်သူပါ။

'' ခြောက်သွားတယ်ဆိုတာကလည်း မိုးတွင်းမဟုတ်လို့ ဖြစ်မှာပေါ့။ မိုးတွင်းဆိုရင်တော့ မခြောက်တော့ဘူးပေါ့နော် အမြဲတမ်း စိုနေလို့ ဖြစ်မှာ ပေါ့။ မိုးရေ ထွက်ချိုးရင်တော့ ပြန်စိုသွားမှာပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့နေ့လည်ပိုင်းက Black Canyon မှာ လုပ်ခဲ့တဲ့  ဒုဌဝတီကို လွန် ၍ မိတ်ဆက်ပွဲမှာ သီးသန့်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

နိုင်းနိုင်း(Nine Nine) ဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက် ရုပ်ရှင် ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို အကောင်အထည် ဖော်ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ခုနှစ် ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က