သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း စိုးရိမ်ခဲ့ကြပါတယ်။

ဝါဆိုမိုးဦးတစ်ယောက် အစာအိမ် ဖြစ်ဖို့ လက္ခဏာ စလာပြီလို့ ဆိုပါတယ်။ အလုပ်တွေ မအားလပ်တဲ့ သူမကတော့ အစားအသောက်ကို လျှော့စားမိခဲ့ပုံပါပဲ။

Photo: Warso Moe Oo

ဝါဆိုမိုးဦးတစ်ယောက် သြဂုတ်လ ၂၉ ရက်နေ့က Ar Yu International Hostipal မှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။ သူမကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေကလည်း စိုးရိမ်ခဲ့ကြတာ တွေ့ရပါတယ်။

‘’အစားစလျော့တာနဲ့ အစာအိမ်ကစပြီ’’ ဆိုပြီးတော့ သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ ဆေးရုံပေါ်ရောက်နေတဲ့ အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်။ ဝါဆိုမိုးဦးကို အရမ်းချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ Comment ကနေ ပြောနေခဲ့ကြတာကို တွေ့ရပါတယ်။

Photo: War So Moe Oo

အခုဆိုရင်တော့ သူမရဲ့ အနုပညာသက်တမ်းဟာ ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့ လာခဲ့ပါပြီ။ လက်ရှိမှာလည်း ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် အဆိုတော် တစ်ဦးပါ။ အခုဆိုရင်တော့ ချစ်သူဖြစ်တဲ့ အဆိုတော် ဖြိုးလေး(Snare) နဲ့ အတူ ဂီတအလုပ်တွေ လုပ်နေပြီဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ ချစ်သူသက်တမ်းကလည်း ၃ နှစ်ကျော်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။

Photo: War So Moe Oo

ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး တစိုက်မတ်မတ် ဆောင်ရွက်လာတဲ့ ဝါဆိုမိုးဦးဟာ ‘’နင့်ရဲ့ အဝေး’’ ဆိုတဲ့ သီချင်းအသစ်လေးကို ဇူလိုင်လ ၂၇ ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ အမှတ်တရအနေနဲ့ သူမရဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့မှာ ပရိသတ်ကို မိတ်ဆက်ပေးခဲ့တာပါ။ သူဟာ ‘’မိုက်လား ပြောကြည့်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိပြီးခဲ့သလို Single Song တော်တော်များများလည်း ထွက်ရှိခဲ့ပြီးသူ တစ်ယောက်ပါ။

Photo: Htet Paing Ye

ဝါဆိုမိုးဦးဟာ တီဗီကြော်ငြာပေါင်းများစွာ၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ရိုက်ကူးခဲ့ဖူးတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ သူမကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးခဲ့ကြတာပါ။ လက်ရှိမှာတော့ သူ့ရဲ့ အနုပညာမျိုးစက် တစ်ဦးဖြစ်တဲ့ ညီမငယ်လေး သဉ္ဇာရဲ့ အနုပညာအလုပ်တွေကို ပံ့ပိုးပေးနေသူ တစ်ယောက်ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က