ဘယ်လင်ဟမ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ နိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆာဘီးယားနဲ့ အင်္ဂလန်တို့ရဲ့ ယူရိုပွဲစဉ်မှာ အင်္ဂလန်က ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲက အင်္ဂလန်အတွက် ယူရိုအဖွင့်ပွဲဖြစ်ခဲ့ပြီး ခြေစွမ်းပိုင်းအရတော့ အားရစရာမရှိခဲ့ပါဘူး။



အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အာနိုးလ်ကို ကွင်းလယ်မှာ ပွဲထုတ်လာခဲ့ပြီး တိုက်စစ်မှာ ဟယ်ရီကိန်း၊ ဆာကာနဲ့ ဖိုဒန်တို့ ပါဝင်လာခဲ့ပါတယ်။ ပွဲစကတည်းက အင်္ဂလန်တို့ ဆာဘီးယားကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဘယ်လင်ဟမ်က ဆာကာရဲ့ ဖြတ်တင်ဘောကတစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။

အင်္ဂလန်အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ခြိမ်းခြောက်ထိုးဖောက်မှုတွေ များများစားစား မပြုလုပ်နိုင်ခဲ့ပါဘူး။ ဘောလုံးကိုင်ထားသည့်တိုင် အိုင်နေခဲ့ပြီး ဆာဘီးယားရဲ့ ကစားပုံကြောင့်လည်း အခက်တွေ့ခဲ့ရပါတယ်။

ဆာဘီးယားတိုက်စစ်ပိုင်းက မီထရိုဗစ်၊ တာဒစ်တို့ကလည်း ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ အင်္ဂလန်ရဲ့ နောက်ပိုင်းပွဲချိန်တွေမှာ ကစားပုံကလည်း စိတ်ဝင်စားစရာ မကောင်းခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ဆာဘီးယားတို့ ချေပဂိုးရဖို့ ဖိအားပေး ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အင်္ဂလန်က ရထားတဲ့တစ်ဂိုးကို ပြန်မပေးရအောင် ထိန်းကစားနိုင်ခဲ့တာကြောင့် ယူရိုအဖွင့်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။ တစ်အုပ်စုတည်းက ဆလိုဗေးနီးယားနဲ့ ဒိန်းမတ်တို့ သရေကျခဲ့ချိန်မှာ အခုလိုမျိုး နိုင်ခဲ့တာကြောင့်လည်း အင်္ဂလန်တို့ အုပ်စုတက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က