ခိုင်နှင်းဝေနဲ့ သရုပ်ဆောင် မေမြင့်မိုရ်တို့ အနုပညာညီအစ်မ နှစ်ယောက်ကတော့ နေပြည်တော်မှာရှိတဲ့ ရွှေလက်လှဘုရားမှာ ဆုံပြီး ငါးစာ ကျွေးရင်း ကုသိုလ်ယူနေကြပါတယ်။
Photo: May Myint Mo facebook
သရုပ်ဆောင် ခိုင်နှင်းဝေနဲ့ သရုပ်ဆောင် မေမြင့်မိုရ်တို့ အနုပညာညီအစ်မ နှစ်ယောက်ကတော့ နေပြည်တော်မှာရှိတဲ့ ရွှေလက်လှဘုရားမှာ ဆုံပြီး ငါးစာကျွေးရင်း ကုသိုလ်ယူနေကြပါတယ်။ မေမြင့်မိုရ်နဲ့ ခိုင်နှင်းဝေတို့ဟာ ရိုက်ကူးရေး နားတဲ့ရက်မှာ အလည်အပတ်အနေနဲ့ ဘုရား ဖူးနေကြတာဖြစ်ပါတယ်။
''Hello .. ဒီနေ့ နေပြည်တော်မှာ ရှုတင်ပိတ်သွားလို့ ဘုရားလာဖူးရင်းနဲ့ ငါးစာလာကျွေးနေပါတယ်။ ငါးတွေကလည်း အစားတွေ အများကြီး စားလို့ ငါးစာ ၂ ဗန်းကုန်သွားပြီ'' လို့ မေမြင့်မိုရ်က ပြောပါတယ်။ အဲ့ဒီနောက် ခိုင်နှင်းဝေကလည်း '' ငါးစာလည်း ကျွေးတယ်၊ လူလည်း စားတယ်'' ဆိုပြီးတော့ စနောက်ခဲ့ပါသေးတယ်။
Photo: Khaing Hnin Wai facebook
အသက် ၂၃ နှစ်ပြည့် မွေးနေ့အလှူလုပ်ခဲ့တဲ့ မေမြင့်မိုရ်
မေမြင့်မိုရ်နဲ့ ခိုင်နှင်းဝေတို့ဟာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ငါးစားကျွေးနေကြတဲ့အကြောင်းကို သူတို့ရဲ့ ပရိသတ် တွေလည်း အပျော်တွေ ကူးစက်စေနိုင်ဖို့ စက်တင်ဘာလ ၈ ရက်နေ့ မနက် ၁၀ နာရီကျော်က မေမြင့်မိုရ်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ Live လွှင့်ရင်း ပြောပြခဲ့တာဖြစ်ပါတယ်။
Photo: Khaing Hnin Wai facebook
ရှုတင်နားရက်ဖြစ်လို့ လည်း နေပြည်တော်တစ်ခွင် လျှောက်လည်ကြမယ်လို့လည်း ခိုင်နှင်းဝေရော၊ မေမြင့်မိုရ် ရောက ပြောပြခဲ့ပါတယ်။ လှေတွေလည်း လျှောက်စီးမယ်၊ ညနေကြရင် ရေတွေလည်း သွားကူးကြမယ် ဆိုပြီးတော့ သူတို့ရဲ့ တစ်နေ့တာ အစီအစဉ်တွေကို Live ကနေ တဆင့် ပရိသတ်တွေကို ပျော်ပျော်ပါးပါး ပြောပြခဲ့ပါတယ်။
Photo: Khaing Hnin Wai facebook
ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေလည်း ဆက်တိုက် လုပ်ဖြစ်နေသလို ပရဟိတအလုပ်တွေမှာလည်း အဆက်မပြတ်ဆောင်ရွက်နေသူဖြစ်ပါ တယ်။ အဲ့ဒီနောက် ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ LGBT Cafe ဆိုင်လေးကိုလည်း ဦးဆောင်နေရပါတယ်။ မေမြင့်မိုရ်ကိုတော့ ရုပ်သံ ဇာတ်လမ်းတွဲတွေ ကနေတဆင့် ပရိသတ်တွေ အားပေးလာတာဖြစ်ပါတယ်။