မော်လ်ဒိုဗာကနေ ပြန်ရောက်လာချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ယူနိုက်တက်ကစားသမားတွေဟာ ရှရစ်ဖ်နဲ့ ယူရိုပါလိဂ်ပွဲအပြီး မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိလာချိန်မှာ အစာအဆိပ်သင့်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး အစာအဆိပ်သင့်ခဲ့တဲ့အထဲမှာ အသင်းဝန်ထမ်းတွေလည်း ပါဝင်ခဲ့ကြောင်း သတင်းရင်းမြစ်တွေကဆိုပါတယ်။ ယူနိုက်တက်ဟာ ရှရစ်ဖ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး သီးသန့်လေယာဥ်နဲ့ အင်္ဂလန်ကို ပြန်လည်ရောက်ရှိလာခဲ့ကြတာပါ။



အဲ့ဒီနောက်မှာ ကစားသမားအချို့နဲ့ အသင်းဝန်ထမ်းအချို့ နေထိုင်မကောင်းဖြစ်ခဲ့ကြပြီး ဒါက အစာအဆိပ်သင့်တာကြောင့်ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။ ဒါပေမယ့် ဘယ်လိုကြောင့် ဒီလိုမျိုးဖြစ်ရလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ မော်လ်ဒိုဗာမှာရှိနေတုန်း စားသောက်ခဲ့တဲ့ အစားအသောက်တွေကြောင့်လား ဒါမှမဟုတ် လေယာဥ်ပေါ်မှာ ကျွေးမွေးခဲ့တဲ့ အစားအသောက်တွေကြောင့်လားဆိုတာကို အသင်းဘက် စုံစမ်းနေဆဲဖြစ်ပါတယ်။

အရေအတွက်အားဖြင့် ကစားသမားနဲ့ အသင်းဝန်ထမ်း စုစုပေါင်း (၁၂) ယောက်အထိ အစာအဆိပ်ဖြစ်ခဲ့ကြတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ကစားသမားအများစုက သောကြာနေ့ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေကို လွဲချော်ခဲ့ကြပြီး စနေနေ့မှာတော့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် အချို့ကစားသမားတွေကတော့ စနေနေ့မှာပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဥ်ကိုပါ လွဲချော်ခဲ့ကြပါတယ်။ နိုင်ငံအသင်းတွေနဲ့ သွားရောက်ပူးပေါင်းရတဲ့ ကစားသမားတွေကလည်း ပုံမှန်အစီအစဥ်အတိုင်း ခရီးထွက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး အစာအဆိပ်သင့်တဲ့သူတွေထဲမှာ ဘယ်ကစားသမားတွေ ပါဝင်ခဲ့လဲဆိုတာကိုတော့ အတိအကျမသိရှိရပါဘူး။

ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကတော့ မပါဝင်ခဲ့ဘဲ မော်လ်ဒိုဗာကနေ ပြန်ရောက်ပြီးပြီးချင်းမှာတင် ယူနိုက်တက် ယူ-၂၁ ပွဲကို အသင်းဒါရိုက်တာ ဖလက်ချာ၊ လက်ထောက်နည်းပြ ဗန်ဒါဂါတ်တို့နဲ့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ သတင်းရင်းမြစ်တွေရဲ့အဆိုအရတော့ ယူနိုက်တက်အနေနဲ့ ဒီတပတ်မှာ ကစားဖို့ စီစဥ်ထားတဲ့ လိဒ်စ်နဲ့ပွဲကိုသာ ပုံမှန်အတိုင်း ကစားရမယ်ဆိုရင် ဒီအစာအဆိပ်သင့်မှုက အသင်းအပေါ် ဘယ်လောက်အထိ ရိုက်ခတ်နိုင်မလဲမမှန်းဆနိုင်ကြောင်းလည်း သိရှိရပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က