ရေဗက္ကာဝင်းက ရင်းရင်းနှီးနှီးရှိလှတဲ့ သူငယ်ချင်းတွေအကြောင်းကို အရွှန်းဖောက်ပြောပြလာပါတယ်။ ပရိသတ်မသိသေးတဲ့အချက်တွေလည်း သူတို့ဆီမှာရှိတယ်လို့ ဆိုပါတယ်။
Photo: ရေဗက္ကာဝင်း
အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ကြတဲ့ အဆိုတော်ရေဗက္ကာဝင်း၊ ယုဇန၊ ရှင်ဖုန်းတို့ ရဲ့ အကြောင်းတွေကို ရေဗက္ကာဝင်းက အခုလိုပြောပြလာပါတယ်။ နှစ်တွေအတော ်ကြာလက်တွဲခိုင်မြဲလာကြတဲ့ သူငယ်ချင်းသံယောဇဉ်တွေကို Duwun Media ကနေ ဖြေဆိုထားပါတယ်။
‘’ ရေဗက္ကာတို့က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ပေးလိုက်တယ်။ အသက်အရွယ်တွေကလည်း မတူတော့ ညှိနှိုင်းရတာမျိုးလည်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆိုး၊ အပြန်အလှန်စိတ်ကောက်၊ အပြန်အလှန် ခွင့်လွှတ် ဒါတွေနဲ့ပဲ အချိန်ကုန်ဆုံးသွားပါတယ်’’ ဆိုပြီးတော့ ‘’တရုတ်မလေးကို ချစ်တယ်’’ ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ရေဗက္ကာဝင်းက ဖြေဆိုခဲ့ပါတယ်။
Photo: ရေဗက္ကာဝင်း
သူတို့ သူငယ်ချင်းတွေက အစားအသောက်နဲ့ ပတ်သက်လာရင်တော့ စိတ်တူကိုယ်တူကြတာ များတယ်လို့ ရေဗက္ကာဝင်းက ဆက်လက်ပြောပြလာပါတယ်။ တစ်ယောက်အကြောင်းတစ်ယော က်လည်း အမြဲတမ်းဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။
‘’ အဓိက ကတော့ အစ်မတို့တွေ အကုန်လုံးက အစားကြိုက်တာချင်း တူကြတာပေါ့နော်။ ဘယ်ဆိုင်မှာ ဘာစားကောင်းတယ်၊ ဘယ်ဆိုင်ကို မရောက်သေးဘူး သွားကြမယ် ဆိုပြီး ချိန်းကြတယ်။ မိန်းကလေး တွေဆိုတော့ အလှအပရေးရာလည်း ဆွေးနွေးတယ်၊ ဒီအသက်အရွယ် ရောက်လာတော့ ကျန်းမာရေး အကြောင်းတွေ ဆွေးနွေးတယ်။ အိမ်ထောင်ကျပြီးသားတွေရှိ တော့လည်း အိမ်ထောင်ရေးအကြောင်းလေးတွေ ဆွေးနွေးဖြစ်တယ်’’ လို့ သူကဆိုပါတယ်။
Photo: ရေဗက္ကာဝင်း
ရေဗက္ကာဝင်းက သူတို့သူငယ်ချင်းတွေအကြောင်းကို ပရိသတ်မသိသေးတဲ့ အချက်ကိုပြောပြခဲ့ပါသေးတယ်။ ‘’အချင်းချင်းကြရင် တစ်ယောက်မှ မအေးကြပါဘူး။ အပြင်မှာတော့ မသိတဲ့သူတွေနဲ့ဆိုရင် တော်တော်ကို အေးပါတယ်’’ လို့ ရေဗက္ကာဝင်းနဲ့ အတူ ယုဇန ၊ ရှင်ဖုန်းတို့က ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့ကြပါသေးတယ်။
Photo: ရေဗက္ကာဝင်း
အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ အဆိုတော်ရေဗက္ကာဝင်းက Maka ဆိုတဲ့ တစ်ကိုယ်ေ တာ်အခွေကို ကချင်ဘာသာစကားနဲ့ သီဆိုကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖြန့်ချိခဲ့ပါတယ်။ မြန်မာဘာသာစကားနဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရေဗက္ကာဝင်းဟာ အဆိုတော် L ခွန်းရီရဲ့ တူမတစ်ဦးဖြစ်ပြီး အဆိုတော် L လွန်းဝါ၊ L ဆိုင်းဇီ တို့နဲ့ မောင်နှမဝမ်းကွဲတော်စပ်သူပါ။