ဘရိုက်တန်နဲ့ တဂိုးစီသရေကျခဲ့တာပါ။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့အပြီး၊ ဒီရာသီမှာ ၈ ပွဲမြောက်သရေကျအပြီး ချယ်လ်ဆီးရဲ့ ချန်ပီယံအိပ်မက်တွေက ဝေးကွာသွားပြီလို့ ဆိုရတော့မှာပါ။ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲကို ၁-၁ သရေကျခဲ့ပြီးနောက် မန်စီးတိးထက် တပွဲပိုကစားထားပြီး ၁၂ မှတ်အထိကွာဟနေဆဲဖြစ်ကာ ဂွာဒီယိုလာရဲ့အသင်းသာအနိုင်ထပ်ရခဲ့မယ်ဆိုရင် ၁၅ မှတ်အထိ ပြတ်တောက်တော့မှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးကို အကောင်းဆုံးပုံစံဖြစ်အောင် လုပ်ပေးခဲ့တဲ့ တူချယ်လ်တယောက် ဒီရာသီအစပိုင်းထိ ဟုတ်နေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ရလဒ်တွေကျဆင်းလာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ၃ ပွဲသာရှုံးထားတယ်ဆိုပေမယ့်လည်း သရေပွဲအများဆုံး အသင်း ၅ သင်းထဲမှာ ပါဝင်နေခဲ့တာက သူတို့ရဲ့ အမှတ်ပေးဖလားရယူရေးမျှော်လင့်ချက်တွေကို မှေးမှိန်စေခဲ့ပြီဖြစ်ပါတယ်။ 

ဇီယက်နဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဂိုးထပ်မသွင်းနိုင်ခဲ့တဲ့အပြင် ပြိုင်ဘက်ရဲ့ ချေပဂိုးကိုပါ ခွင့်ပြုခဲ့ရလို့ အဝေးကွင်းမှာ အမှတ်ထပ်လျော့ခဲ့တာပါ။ မေဆန်မောင့်၊ အိုဒွိုင်၊ ဇီယက်နဲ့ လူကာကူတို့ပါတဲ့ တိုက်စစ်ပိုင်း၊ ဂျော်ဂျင်ဟိုနဲ့ ကန်တေတို့ရဲ့ကွင်းလယ်၊ ခံစစ်ပိုင်းမှာလည်း ဒဏ်ရာရသူတွေကလွဲရင် အဓိကကစားသမားတွေ အကုန်ပါဝင်ခဲ့ပေမယ့် ဘရိုက်တန်ကို အနိုင်ရဖို့အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ 

တူလ်ချယ်အတွက်တော့ အခက်အခဲတွေကို စတင်ရင်ဆိုင်နေရပြီဖြစ်ပြီး ကံကောင်းတာကတော့ အဆင့် ၄ က ဝက်စ်ဟမ်းနဲ့ အမှတ်တွေပြတ်နေတာ၊ အာဆင်နယ်၊ စပါးတို့ဆီက ကြီးမားတဲ့ဖိအားမျိုးတွေကို မကြုံတွေ့တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ချယ်လ်ဆီးရဲ့ အခုရလဒ်တွေက စိတ်ပျက်စရာကောင်းနေတာအမှန်ဖြစ်ပြီး မန်စီးတီးကို လိုက်မီဖို့ထက် လီဗာပူးလ်ရဲ့ အဆင့် ၂ နေရာကိုပဲ သူတို့ရယူနိုင်ဖို့ ပစ်မှတ်ပြောင်းတာက အသင့်တော်ဆုံးဖြစ်သွားခဲ့ပါပြီ။ 

Share

Loading Next Article...
က္က