အမှတ်ပေးဖလားမျှော်လင့်ချက်တွေ ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။

အိမ်ကွင်းမှာပဲ ဘရိုက်တန်ကို ၃ ဂိုးပြတ်ရှုံးခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက အသင်းပရိသတ်တွေကို တောင်းပန်လိုက်ပါတယ်။ ဒီရှုံးပွဲဟာ အာဆင်နယ်ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်တွေကို အဆုံးသတ်စေခဲ့တာဖြစ်ပြီး မန်စီးတီးက လာမယ့်တပွဲကို အနိုင်ရတာနဲ့ ဆုဖလားကို ဆွတ်ခူးနိုင်တော့မှာလည်းဖြစ်ပါတယ်။ 

အာဆင်နယ်ပရိသတ်တွေဟာ ပွဲမပြီးခင်မှာပဲ ကွင်းအတွင်းကနေ ထွက်ခွာခဲ့ကြပြီး သူတို့ရဲ့ စိတ်ပျက်မှုကို ပြသခဲ့ကြပါတယ်။ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် အာဆင်နယ်က မန်စီးတီးကို ဖိအားဆက်ပေးထားနိုင်ဦးမှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ အဆင့် ၂ နေရာနဲ့သာ ကျေနပ်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုနဲ့သာ ဖြေသိမ့်ရတော့မှာဖြစ်ပါတယ်။ 

အာတီတာက "လူတွေက တခုခုကို မျှော်လင့်နေချိ်မှာ ဒီလိုမျိုးဖြစ်ရတာကို ကျနော်မုန်းတီးပါတယ်၊ ဒါက အကြီးမားဆုံးနောင်တဖြစ်ပြီး အဲဒီအတွက်လည်း ကျနော်တောင်းပန်ပါတယ်၊ ဒုတိယနေရာကတော့ စိတ်ချရပြီး အဲဒါက မပြောင်းလဲပါဘူး၊ ဒါပေမယ့် ဒီပွဲရလဒ်ကို မေ့ပျောက်နိုင်ဖို့တော့ ကျနော်တို့ ရက်အနည်းငယ်ကြာပါလိမ့်မယ်"

"ကျနော့်အလုပ်က ကစားသမားတဦးစီတိုင်းကနေ အကောင်းဆုံးရအောင် လုပ်ယူဖို့ဖြစ်ပြီး ဒီနေ့ ကျနော်မလုပ်နိုင်ခဲ့တာ ထင်ရှားပါတယ်၊ ဒါကြောင့် ဒီရှုံးပွဲက ကျနော့်မှာ တာဝန်ရှိပါတယ်၊ ဒီလိုမျိုး ဆုဖလားစိန်ခေါ်နိုင်ဖို့အတွက် က​ျေနာ်တို့ အများကြီး ကြိုးစားခဲ့ကြတာပါ" လို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့ပြီး ရမှတ်တွေဆုံးရှုံးခဲ့ကာ မန်စီးတီးကို အခွင့်အရေးတွေ ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ 


Share

က္က