ယူနိုက်တက်တသင်းလုံးအပေါ် ဖာဒီနန်က အပြစ်တင်ပြောဆိုခဲ့တာပါ။

အာဆင်နယ်ကို အရေးနိမ့်အပြီးမှာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေက ပြီးဆုံးသွားပြီလို့ ရီယိုဖာဒီနန်က ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်နည်းပြရန်းဂ်နစ်ခ်ကလည်း ဖာဒီနန်ရဲ့ ပြောဆိုမှုအပေါ် သဘောတူညီခဲ့ပြီး သူတို့ရဲ့ အဆင့်လေးအတွင်း ဝင်ရောက်နိုင်ရေးလမ်းကြောင်းဟာ အဆုံးသတ်သွားပြီလို့ ဝန်ခံခဲ့ပါတယ်။ 

ရန်းဂ်နစ်ခ်ကို ယူနိုက်တက်ရဲ့ အဆင့် ၄ မျှော်လင့်ချက်က ပြီးဆုံးသွားပြီလားလို့ မေးမြန်းခဲ့ရာမှာ - "ဟုတ်ပါတယ်၊ သေချာတာပေါ့၊ ကျနော့်အတွက်တော့ ဒီပွဲမစခင်ကတောင် ဖြစ်နိုင်ချေရှိခဲ့ပေမယ့် ဒီပွဲအပြီးမှာတော့ ထိပ်ဆုံးလေးသင်းနေရာက ပျောက်ဆုံးသွားပါပြီ" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

BT Sports ကတဆင့် ဖာဒီနန်က ပြောဆိုခဲ့ရာမှာလည်း "ဆိုးလ်ရှားထွက်သွားပြီး ရန်းဂ်နစ်ခ်ဝင်လာချိန်မှာ အခြေအနေက ပိုဆိုးသွားတယ်ဆိုတာ ရိုးရိုးသားသားပြောချင်ပါတယ်၊ ယူနိုက်တက်က အခု ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ နည်းလမ်းမရှိတော့ပါဘူး၊ အခွင့်အရေးလည်း မရှိတော့ဘူး၊ ပြီးသွားပါပြီ၊ ဒါက ယူနိုက်တက်မဟုတ်ဘူး၊ သူတို့က တိုက်ပွဲဝင်စိတ်ပျောက်ဆုံးနေခဲ့ပြီး တက်ကြွမှုဆိုတာလည်းမရှိဘူး"

"ထိပ်ဆုံးလေးသင်းနေရာအတွက် ယူနိုက်တက်မှာ တိုက်ပွဲဝင်ခဲ့တဲ့သူက ရော်နယ်ဒိုတဦးတည်းသာ ရှိခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ယူနိုက်တက်အတွက် ဒီရာသီမှာ လိဂ်ဂိုး ၁၆ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး ခြေစွမ်းပြခဲ့ပေမယ့်လည်း အသင်းရလဒ်ပိုင်းဆိုးရွားခဲ့လို့ သူ့ရဲ့အားထုတ်မှုတွေကတော့ အရာမထင်ဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က